သတင်းတို

ရိုဟင်ဂျာအရေး UN ညီလာခံ OIC တင်မည်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်ရှိ ရိုဟင်ဂျာများအရေး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးရန် တင်ပြမည်ဟု မွတ်စလင် ၅၇ နိုင်ငံပါဝင်သော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း OIC က ထုတ်ပြန်ကြေညာသည်။ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့တွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် ဆီးရီးယားအရေးနှင့် မြန်မာအရေးတို့ကို အဓိက ဆွေးနွေးကြရာ ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်မှ ယာယီရုပ်သိမ်းခဲ့ပြီး မြန်မာပြည်ရှိ ရိုဟင်ဂျာများအရေး နယူးယောက်တွင် ဆက်ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာချက်ကဆိုသည်။

Loading