ထိုင်း နိုင်ငံသို့ မြန်မာနိုင်ငံထုတ် မြန်မာဘီယာ တင်သွင်းရန် ရှိကြောင်း သိရသည်။ ထိုင်း အဖျော်ယမကာ လုပ်ငန်း ဥက္ကဋ္ဌ Thapana Sirivadhanabhakdi က မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား ရှိနေသည့် ထိုင်းနိုင်ငံ သို့ မြန်မာဘီယာများ တင်သွင်း ရန် စဉ်းစားလျက်ရှိကြောင်း ပြောသည်။ ဘန်ကောက်တွင် ကျင်းပသည့် အာဆီယံ အသိုက်အဝန်း စီးပွားရေး နှီးနှောဖလှယ်ပွဲ (Asean Economic Community-AEC) ၌ ပြောဆိုသွားခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ထို့ အပြင် ထိုင်း အဖျော်ယမကာ လုပ်ငန်း အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် Fraser and Neave လီမိတက်နှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်းလည်း ပါရှိသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်က နိုင်ငံတကာ အဖျော်ယမကာ လုပ်ငန်း လိုင်စင် ၄ ခုကို ဇန်နဝါရီလာက ချထားပေးခဲ့ပြီးကြောင်း သိရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။