အမေရိကန် နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီ မြန်မာပြည် လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီ တခုဖြစ်သော AIA Group ၏ ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ယင်းသို့ လာရောက်ဖွင့်လှစ်ခြင်းကြောင့် ပြည်တွင်း အာမခံ ကုမ္ပဏီများ အနေဖြင့် အတွေ့အကြုံ ပိုမို ရရှိလာစေမည်ဖြစ်ကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အာမခံ လုပ်ငန်းက အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။ ဟောင်ကောင်တွင် အခြေစိုက်သည့် အမေရိကန် နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီ (American International Assurance Company, Ltd.) ကို ၁၉၃၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ထိုင်ဝမ်၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှား၊ မက္ကာအို၊ တောင်ကိုရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရုံးခွဲများရှိသည်။