သတင်းတို
လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ရ
This article has been converted from Zawgyi One to Unicode
ကယားပြည်နည် လွိုင်ကော်မြို့တွင် အခြစိုက် ရုံးချုပ်ဖွင့်ထားသော လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) ကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက် စွဲပါ ကြေညာချက်အမှတ် ၁၉/၂၀၁၃ အရ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ ပါတီ မှတ်ပုံတင် အမှတ်မှာ ၆၄ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။