သတင်းတို

သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီ တည်ထောင်

This article has been converted from Zawgyi One to Unicode

သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် ရင်းနှီးတည်ဆောက်မည့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီ တည်ထောင်ရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ New Otani Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာဘက်မှ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာ သီလဝါ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ တို့ပါဝင်ပြီး၊ ဂျပန်ဘက်မှ MMS Thilawa Development ကုမ္ပဏီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပါဝင် လက်မှတ်ရေးထိုးကြောင်းနှင့် ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းတွင် စီးပွားဖြစ် စတင်လည်ပတ်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading