ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် ၂ ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ်များ အစားထိုး ပြောင်းလဲလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးကို ကော်မရှင်၏ ကြေညာချက်အမှတ် ၁၄/၂၀၁၄ ဖြင့် လည်းကောင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ ဦးတို့ကို ကော်မရှင်၏ ကြေညာချက် အမှတ် ၁၅/၂၀၁၄ ဖြင့် လည်းကောင်း အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး၊ ယင်း ကိုယ်စားလှယ် များနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခြင်း ဖြစ်ကြေင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။