ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်း စစ်ဆေးရေးမှူး ယန်ဟီလီး အပေါ် စကားလုံးကြမ်းတမ်း ရင့်သီးစွာ သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး Zeid Raad Al Husseinu က မနေ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ လူအခွင့်အရေးအခြေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို သွားရောက်လေ့လာနေတဲ့ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် တယောက် ကို လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြောတာကိုတော့ လက်ခံနိုင်စရာမရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဝီရသူက ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကို သုံးကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။