• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

စီးတီးမတ် ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့် သြဇာရှိ အာရှ အမျိုးသမီးလုပ်ငန်းရှင် စာရင်းတွင် ဖော်ပြခံရ

by စမ်းယမင်းအောင်
3 March 2015
in Women
A A
စီးပွားရေး, City Mart

သြဇာရှိအာရှ အမျိုးသမီးလုပ်ငန်းရှင် စာရင်းဝင် ဒေါ်ဝင်းဝင်းတင့် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

7.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အကြီးဆုံး လက်လီ အရောင်းလုပ်ငန်းဖြစ်သည့် City Mart Holdings ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ကို Forbes မဂ္ဂဇင်းက ၎င်းတို့ နှစ်စဉ် ဖော်ပြပေးနေသည့် အာရှမှ သြဇာအရှိဆုံး အမျိုးသမီး လုပ်ငန်းရှင် ၅၀ စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းကို Forbes Asia ၏ မတ်လထုတ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ Forbes မဂ္ဂဇင်းက ထို့သို့ စာရင်း ထုတ်ပြန်ပေးနေသည်မှာ ၄ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။

RelatedPosts

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
1
VOA ဝန်ထမ်းများ အယူခံ ထပ်တင်

VOA ဝန်ထမ်းများ အယူခံ ထပ်တင်

13 May 2025
5
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
342

“အာရှမှ သြဇာအရှိဆုံး အမျိုးသမီး လုပ်ငန်းရှင် ၅၀ စာရင်းက တနှစ်အတွင်း အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒေသတွင်း အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အမှုဆောင် အရာရှိတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒီစာရင်းကို ပြုစုတဲ့နေရာမှာ ထည့်သွင်းစဉ်းစားတဲ့ အမျိုးသမီးတွေဟာ အာရှစီးပွားရေးလောကရဲ့ ထိပ်ပိုင်းနေရာတွေမှာ လှုပ်ရှား ပါဝင်နေကြပြီးတော့ သြဇာလွှမ်းမိုးမှုရှိသူတွေဖြစ်ပြီး ဘဏ္ဍာရေး အရင်းအမြစ်တွေကိုလည်း အပြည့်အ၀ စီမံခန့်ခွဲနိုင်ခွင့် ရှိသူတွေ ဖြစ်ရပါမယ်” ဟု Forbes မဂ္ဂဇင်းက ဆိုသည်။

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တဦး ပထမဆုံးအနေဖြင့် စာရင်းဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်ဝင်းဝင်းတင့်သည် အလုပ်သမား ၅၅၀၀ ကို စီမံခန့်ခွဲနေပြီး ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် အရောင်းတိုးတက်မှု ပမာဏ ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး စုစုပေါင်း အရောင်း ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အထိရောက်ခဲ့သည်ဟု Forbes မဂ္ဂဇင်းက ဆိုသည်။

“အစပိုင်းမှာ သူတို့မိသားစုက လုပ်ငန်းအတွက် ကျွမ်းကျင်တဲ့ မန်နေဂျာတယောက် ခန့်ထားပြီး လုပ်ကိုင်ခဲ့ပေမယ့် ၃ လ ကြာတဲ့အခါမှာ ဒေါ်ဝင်းဝင်းတင့်က လွှဲယူပြီး ကုမ္ပဏီကို ဦးစီးလာခဲ့တာ ၁၈ နှစ် ရှိပါပြီ။ သူက စင်ကာပူနိုင်ငံက Thames Business School ကနေ စာရင်းကိုင်နဲ့ စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာတွေ ရရှိခဲ့ပါတယ်” ဟုလည်း မဂ္ဂဇင်းက ဒေါ်ဝင်းဝင်းတင့် အကြောင်းကို ဖော်ပြထားသည်။

City Mart သည် မြန်မာနိုင်ငံရှိ စားသုံးသူဈေးကွက်တွင် ထိပ်တန်း အရောင်းလုပ်ငန်းတခု ဖြစ်သည်ဟုလည်း Forbes က ဖော်ပြခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စတိုးဆိုင်တဆိုင်ဖြင့် စတင်ခဲ့သော City Mart ကုမ္ပဏီသည် City Mart စူပါမားကက် ၁၈ ခု၊ ကြီးမားသည့် Ocean စူပါဈေးဝယ်စင်တာ ၇ ခုနှင့် City Express လူသုံးကုန်ပစ္စည်းဆိုင် ၄၅ ဆိုင် အပါအဝင် လုပ်ငန်းခွဲပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီ ဖြစ်သည်။ မုန့်ဆိုင်များ၊ ဆေးဆိုင်များ၊ ကလေးကစားကွင်းများ နှင့် စာအုပ်ဆိုင်များလည်း ရှိသည်။

ဒေါ်ဝင်းဝင်းတင့်သည် ဧရာဝတီမီဒီယာမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော တနှစ်တာအတွင်း မြန်မာနိုင်ငံကို ကိုင်လှုပ်ခဲ့သော အမျိုးသမီး ၁၀ ဦး စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

Your Thoughts …
Tags: Business
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
RCSS/SSA , ငြိမ်းချမ်းရေး

အစိုးရ တပ်မတော်နှင့် RCSS/SSA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ကချင်

နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဒေါ်မေစပယ်ဖြူ ချီးမြှင့်ခံရ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate