• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွတ်စလင် လူငယ်တဦး မြောက်ဦးတွင် အသတ်ခံရ

by ထက်နိုင်ဇော်
19 February 2020
in သတင်း
A A
မြောက်ဦးမြို့  /  မင်းအောင်ခိုင်  / ဧရာဝတီ

မြောက်ဦးမြို့ / မင်းအောင်ခိုင် / ဧရာဝတီ

19.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ် အတွင်းရှိ ပေါင်းတုတ် ကျေးရွာနေ မွတ်စလင် လူငယ်တဦး ဓားထိုးခံရပြီး သေဆုံးသွားသောကြောင့် ရွာခံများက မကျေမချမ်းဖြစ်နေကြကြောင်း သတင်းရရှိသည်။

တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယမန်နေ့ည ၈ နာရီခွဲခန့်တွင် မြောက်ဦးမြို့၏ တောင်ဘက် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ပေါင်းတုတ် မွတ်စလင် ရွာတွင် ရွာသား ၂ ဦးသည် ရွာ၏ မြောက်ဘက်ကို ထွက်၍ ဖုန်းအသုံးပြုနေစဉ် ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ဝင် ၄ ဦး ခန့် ရောက်ရှိလာပြီး တပ်မတော်ကို သတင်းပေးနေတာလားဟု အော်ဟစ်ပြောဆိုပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
868
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
78
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
16

“တယောက်ကိုတော့ ဓားနဲ့ထိုးတယ်။ ဓားနဲ့ထိုးတဲ့အတွက် မောင်တင်လှိုင် ၁၉ နှစ်၊ ဘင်္ဂါလီပဲ လည်ပင်းမှာ ဓားဒဏ်ရာ၊ နောက်စိမှာ ပေါက်ပြဲတဲ့ ဒဏ်ရာရတယ်။ ညာဘက်ရင်အုံက ဓားထိုးခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတယ်။ သူက အလယ်တန်း ကျောင်းသားလို့ သိရတယ်။ စစ်တွေက ပြန်လာတဲ့တယောက်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

နောက်တဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မွတ်စလင် မောင်စောဖြူမှာ ထွက်ပြေး လွတ်မြောက်လာကြောင်း၊ ယနေ့ နံနက် ၈ နာရီတွင် ၎င်းရှိရာသို့ မြောက်ဦးမြို့နယ်မှ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့ စစ်ဆေးပြီး ပြန်လာတဲ့ ၁၁ နာရီလောက်မှာ ပေါင်းတုတ်ရွာက AA က ဖမ်းဆီးပြီး သူတို့ရွာသားတယောက်ကို သတ်သွားတဲ့ကိစ္စကို အကြောင်းပြုပြီးတော့မှ ရွာမှာတော့ ဆူနေတယ်လို့ သိရတယ်။ သူတို့ရဲ့ ဟိုဘက်ရွာက ရခိုင်တွေရဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးနေတယ်လို့ သိရတယ်။ သူတို့ရွာနားကို ဖြတ်သွား ဖြတ်လာ လုပ်နေတဲ့ ရခိုင်တွေကိုလည်း အန္တရာယ် လိုက်ပြုနေတယ်လို့ သိရတယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ် သွေးအလှူရှင်အသင်းမှ ဦးအောင်သန်းထွန်းကမူ ပေါင်းတုတ်ကျေးရွာတွင် မည်သူ့ လက်ချက်ကြောင့် မှန်းမသိ သေဆုံးနေသည့် မွတ်စလင်လူငယ်တဦးကို အကြောင်းပြု၍ ရခိုင်များသတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု တွက်ဆပြီး လမ်းသွားလမ်းလာ အားလုံးကို လိုက်လံ ရိုက်နှက် ရန်ရှာနေသည်ဟု သိရှိရကြောင်း ဧရာဝတီသို့ ပြောသည်။

“ဆုံးတဲ့လူက ညကတည်းက ဆုံးနေတာ။ ဘယ်သူသတ်သွားမှန်းလည်း မသိဘူး။ အဲဒါကို ရခိုင်တွေ သတ်တယ် ဆိုပြီး တော့ လမ်းသွားလမ်းလာလူတွေကို အကုန်လုံး ဒုက္ခပေးပြီးတော့ ရိုက်ပုတ်ပြီးတော့ အနှောင့်အယှက်ပေးနေတာ။ အဲဒါ ကြောင့် အဲဒီရွာနားက ရခိုင်ကောင်လေးတယောက်လည်း အရိုက်ခံရတာ ခေါင်းထိသွားပြီးတော့ မြောက်ဦးဆေးရုံ တင် ထားရတယ်”ဟု ဦးအောင်သန်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “ပြောရရင် လူ ၁၀ ယောက်လောက် အရိုက်ခံရတယ်။ သူတို့ရွာကို ဖြတ်သွားတဲ့ လူတိုင်းကို လိုက်ရိုက် နေတာ။ ဘယ်သူသတ်မှန်း မသိတာကို ရခိုင်သတ်တယ်ဆိုပြီးတော့ လုပ်နေတာ။ အခုတော့ ရဲရော၊ စစ်တပ်ရော ရောက်သွားပြီ” ဟု ပြောဆိုသည်။

AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခကမူ ပေါင်းတုတ်ကျေးရွာမှ မွတ်စလင်တဦးကို မြောက်ဦး အခြေစိုက် တပ်မတော် ခြေမြန် တပ်ရင်း (ခမရ) ၅၄၀ မှ စစ်သား ၄ ဦးက ဝိုင်းဝန်း ထိုးကြိတ် ရိုက်သတ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရရှိပြီး တပ်မတော်ထဲမှ ရခိုင်လူမျိုးများကို အသုံးချ၍ ရခိုင်နှင့် မွတ်စလင်များကြားတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေခြင်း ဖြစ်ကြောင်း ပြောသည်။

“အခုလို အောက်လမ်းနည်းတွေနဲ့ လုပ်ကြံဖန်တီးနေတာ ကြာပြီ။ အစိုးရရဲ့ စစ်တပ်တခု အနေနဲ့ ဘာသာရေး၊ လူမျိုး ရေး ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေတာသည် ရာဇဝတ်မှုတခုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲ လို့ ပြောချင်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်မှု၊ အဖမ်းခံရမှု၊ ပျောက်ဆုံးမှု၊ အသတ်ခံရမှုများ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာမှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲ ဈေးလာရောင်းသူဟုဆိုသော မောင်မျိုးထိုက်ဝင်းနှင့် အခြားလူ ၂ ဦးဖြစ်သော ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့လည်း ပျောက်ဆုံးသွားခဲ့ဖူးပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ယုံကြည်ရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းကလည်း လူ ၃ ဦး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရပြီး ၂ ဦး၏ အလောင်းနှင့် ခေါင်းပြတ်များကို မြေပုံမြို့နယ် ကမ်းထောင်ကြီးကျေးရွာ ဈေးတွင် စွန့်ပစ်ခံထားခဲ့ဖူးသည်။

ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခ ပိုမိုမြင့်တက်လာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေး လျော့နည်းသွားကာ အများပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကလည်း လုံးဝ အာမ မခံတော့ချေ။

You may also like these stories:

လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိ

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး

Your Thoughts …
Tags: AAတပ်မတော်မြောက်ဦးမွတ်စလင် လူငယ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဥရောပသမဂ္ဂက ရှူးမန်ဆုများ ယနေ့ချီးမြှင့်နေစဉ်  / ဇော်နောင်လင်း / ဧရာဝတီ

ဥရောပသမဂ္ဂ၏ ၂၀၂၀ ရှူးမန်းဆုများ ချီးမြှင့်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ခဲ့သော ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ / MOI

ချင်းအမျိုးသားနေ့သမိုင်း

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate