• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္ဂနွေနေ့မှစ၍ မနီလာကို ဝင်ထွက်မှု ယာယီတားမြစ်ရန် ဒူတာတေးအမိန့်ထုတ်

by ဧရာဝတီ
13 March 2020
in သတင်း
A A
ဒူတာတေးလည်း Covid-19 ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးမှုခံယူခဲ့သည်။ စစ်ဆေးမှုရလဒ်ကို ၄၈ နာရီအတွင်း သိရမည် / Reuters

ဒူတာတေးလည်း Covid-19 ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးမှုခံယူခဲ့သည်။ စစ်ဆေးမှုရလဒ်ကို ၄၈ နာရီအတွင်း သိရမည် / Reuters

5.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်ဖြစ်ပွားမှု ပျံ့နှံ့ခြင်းအား ထိန်းချုပ်ရန် မနီလာမြို့တော်အား ဝင်ထွက်မှုကို တနင်္ဂနွေနေ့မှ စ၍ ယာယီတားမြစ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ကုန်းလမ်းအပြင် ပြည်တွင်းပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် မနီလာအား ဝင်ထွက်ခြင်းကို ဧပြီလ ၁၄ ရက်နေ့အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။ ထို့အပြင် အခြေအနေကို နေ့စဉ်သုံးသပ်မည်ဟုလည်း ထပ်မံပြောကြားခဲ့သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
39
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
28
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
49

လူဦးရေ ၁၃ သန်းဝန်းကျင်နေသော ကြီးမားသည့် မြို့တော်မနီလာသည် ဖ်ိလစ်ပိုင်၏ စီးပွားရေးမြို့တော်ဖြစ်သည့်အပြင် နိုင်ငံ၏ ဂျီဒီပီ သုံးပုံတပုံကျော်ကိုလည်း ထုတ်လုပ်သည်။

အနီးရှိပြည်နယ်များမှ အလုပ်သမားထောင်ပေါင်းများမှာ အလုပ်လုပ်ရန်အတွက် မြို့တော်သို့ နေ့စဉ်ခရီးသွားနေရမှုများရှိနေရာ ခရီးသွားရပ်ဆိုင်းမှုကို မည်သို့ပြဋ္ဌာန်းဆောင်ရွက်မည်ကို ချက်ခြင်းမသိရသေးပေ။ ပုဂ္ဂလိကကဏ္ဍအတွက် ပျော့ပြောင်းသည့် အလုပ်ဆိုင်ရာ စီစဉ်မှုများကိုမူ သမ္မတက အားပေးခဲ့သည်။

မနီလာတွင် ရောဂါခြေချုပ်နှင့် အနည်းဆုံး Covid-19 ကူးစက်ခံရလူနာ နှစ်ဦးရှိသည့် မြို့တော်ပြင်ပ နေရာများတွင်လည်း အလားတူရောဂါခြေချုပ် ပြုလုပ်ရန် ဒူတာတေးက အမိန့်ပေးခဲ့သည်။ လူစုလူဝေးပြုလုပ်မှုများကို တားမြစ်ထားပြီး မနီလာရှိ ကျောင်းများ ယာယီပိတ်ထားခြင်းကိုလည်း ဧပြီလ ၁၂ ရက်သို့ တိုးမြင့်ခဲ့သည်ဟု သမ္မတက ပြောသည်။

“သူတို့က ဒါက်ိို ဝင်ထွက်ခွင့်ယာယီ တားဆီးပိတ်ပင်ခြင်း (lockdown) လို့ခေါ်ရမှာ စိုးနေတယ်။ ဒါပေမယ့် ဒါဟာ lockdown ပါပဲ။ ဒါက Covid-19 မဖြစ်အောင် တားဆီးကာကွယ်တဲ့ ကိစ္စတခုပါ” ဟု ဒူတာတေးကဆိုသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်လူနာ မတ်လ ၆ ရက်နေ့က ငါးဦးသာရှိခဲ့ရာမှ ကြာသပတေးနေ့က ၅၂ ဦးသို့ခုန်တက်ခဲ့ပြီးနောက် တင်းကြပ်သည့် အရေးယူဆောင်ရွက်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့က ဗိုင်းရပ်ကြောင့် နောက်ထပ်လူနာသုံးဦးသေဆုံးခဲ့ရာ သေဆုံးသူအရေအတွက်မှာ ငါးဦးရှိသွားပြီဖြစ်သည်။

မြို့တော်ပြင်ပနေထိုင်ပြီး မြို့တော်တွင် အလုပ်လုပ်သည့် အလုပ်သမားများကိုမူ ခရီးသွားခွင့်ပြုမည်/Reuters

သမ္မတနှင့် ပုံမှန်ထိတွေ့ဆက်ဆံနေရသည့် ကက်ဘိနက်အရာရှိများသည် စမ်းသပ်မှုအရ ကူးစက်ခံထားရသူတဦးနှင့် ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့ကိုယ်တိုင် ခြေချုပ်နေထိုင်ခဲ့ပြီး အသက် ၇၄ နှစ်ရှိ ဒူတာတေးလည်း ကြာသပတေးနေ့က Covid-19 ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးမှုခံယူခဲ့သည်။ ဒူတာတေး၏ စစ်ဆေးမှုရလဒ်ကို ၄၈ နာရီအတွင်း သိရမည်ဟု မျှော်လင့်ထားသည်။

အဝင်အထွက်ပိတ်မှုပြုလုပ်မည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်စဉ်ကပင် မနီလာရှိ စတိုးဆိုင်များတွင် ထိတ်လန့်တကြား ဝယ်ယူုမှုများရှိခဲ့ပြီး လူအများက အစားအစာနှင့် ပိုးသတ်ဆေးပါ သန့်ရှင်းရေးပစ္စည်းများ အများအပြား ဝယ်ယူသိုမှီးမှုများ ပြုလုပ်ခဲ့ကြသည်။ ဗိုင်းရပ်ပျံ့နှံ့မှုအပေါ် လွန်စွာစိုးရိမ်မှုကြောင့် ကြာသပတေးနေ့က ဖိလစ်ပိုင်စတော့အိပ်ချိန်းတွင် ကြီးမားသည့် ရှယ်ယာစာချုပ်များ ဈေးချရောင်းချမှုများဖြစ်ပေါ်ခဲ့ရာမှ အိပ်ချိန်း အညွှန်းကိန်းမှာ ၁၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပြီးနောက် အထိတ်တလန့်ရောင်းချမှုကို ထိန်းချုပ်ရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသည်။

ဖိလစ်ပိုင်ရှိ ကိုရိုနာဗိုင်းရပ်အခြေအနေ ယိုယွင်းပါက ၎င်းအနေဖြင့် တရုတ်ကို အကူအညီ တောင်းခံဖွယ် ရှိကြောင်းလည်း ဒူတာတေးက ပြောသည်။ “တရုတ်အစိုးရကို အထူးသဖြင့် သမ္မတရှီကျင့်ဖျင်ကို နှစ်သိမ့်တဲ့ စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီအဆင့်ထိတော့ မရောက်ဘူးလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ခင်ဗျားအကူအညီ လိုကောင်းလိုမှာပါ” ဟု ဒူတာတေးက ပြောသည်။

ပြည်ထဲရေးဝန်ကြီး အက်ဒွာဒိုအေနိုက ဒူတာတေ၏ ပြောကြားချက်များကို ရှင်းလင်းရန် ကြိုးစားခဲ့ပြီး မြို့တော်ပြင်ပနေထိုင်ပြီး မြို့တော်တွင် အလုပ်လုပ်သည့် အလုပ်သမားများကိုမူ ခရီးသွားခွင့်ပြုမည်ဟု DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။

“ဒါက အကြွင်းမဲ့ lockdown လုပ်တာတော့ မဟုတ်ပါဘူး” ဟု ကက်ဘိနက်အတွင်းဝန် ကာလိုနော့ရာလက်စ်က DZMM သို့ ပြောကြားခဲ့သည်။

ကိုးကား။         ။ Nikkei Asian Review

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ဥရောပခရီးသည်များအား အမေရိကန်ဗီဇာ ယာယီပိတ်

အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ၁ လပိတ်

ဘရူနိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ၁၀ ဦးအထိ ရှိလာ

Your Thoughts …
Tags: lockdownကိုရိုနာဗိုင်းရပ်စ်ဒူတာတေးမနီလာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

by Lisandro Claudio
13 March 2025
3.4k

ရိုဒရီဂို ဒူတာတေး၏ စည်းရုံးဆွဲဆောင်နိုင်မှုကို မည်သူမှ လျှော့မတွက်သင့်ပေ။ သူသည် ဒေါ်နယ်ထရမ့်နှင့်တူသည်။

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ (ရုပ်/သံ)

ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ (ရုပ်/သံ)

by ဧရာဝတီ
11 March 2025
247

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC ) မှာ စွဲချက်တင်ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက်နေ့က မနီလာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရ က ပြောကြားခဲ့ပါတယ်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

မိန့်ခွန်းတခုတွင် ဒူတာတေးက “ ကျနော့်ကိုယ်ကို နိုးကြားတက်ကြွနေအောင် ဆေးခြောက်သုံးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည် / Reuters

“နိုးကြားနေအောင် ဆေးခြောက်သုံးတယ်”ဟု ဒူတာတေး ပြော

by ဧရာဝတီ
4 December 2018
9.1k

မိန့်ခွန်းတခုတွင် ဒူတာတေးက “ ကျနော့်ကိုယ်ကို နိုးကြားတက်ကြွနေအောင် ဆေးခြောက်သုံးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

Next Post
စက်ရုံတွေ ပိတ်လိုက်တော့ အလုပ်သမား ၁ သောင်းဝန်းကျင် ဘာအလုပ် ဆက်လုပ်ကြမလဲ (ရုပ်/သံ)

စက်ရုံတွေ ပိတ်လိုက်တော့ အလုပ်သမား ၁ သောင်းဝန်းကျင် ဘာအလုပ် ဆက်လုပ်ကြမလဲ (ရုပ်/သံ)

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်  / ယုဖြူဟန် / ဧရာဝတီ

လာမည့် ရုံးချိန်းတွင် မိုးအောင်ရင်အား စွဲချက် အမိန့်ချမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate