• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 လူနာအမှတ်၂၄၉ နှင့် ထိတွေ့ခဲ့သူများကို လိုက်လံ စုံစမ်းနေ

by ထက်ခေါင်လင်း
17 June 2020
in သတင်း
A A
တရုတ်နိုင်ငံမှ ပြန်လာသည့် မိုင်းလား ဒေသရောက် မြန်မာများ  / Mongla News

တရုတ်နိုင်ငံမှ ပြန်လာသည့် မိုင်းလား ဒေသရောက် မြန်မာများ / Mongla News

16.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် လွယ်ဂျယ် နယ်စပ်ဂိတ်၌ ကျန်းမာရေး ဝန်ထမ်းတာဝန် ထမ်းဆောင်ခဲ့သည့် COVID-19 ပိုး တွေ့လူနာ အမှတ်၂၄၉ နှင့် ထိတွေ့ခဲ့သော တရုတ်ပြည်မှ ပြန်ဝင်လာသူ ၅ဝဝ ဝန်းကျင်၏ အခြေအနေကို လိုက်လံ စုံစမ်းနေကြောင်း သိရသည်။
မိမိတို့ အနေဖြင့် ထိုလူ ၅၀၀တို့၏ နေရပ်လိပ်စာများကို တရုတ်ပြည်မှ ပြန်လည် ဝင်ရောက်လာစဉ်ကတည်းက အတိအကျ ပြုစုကောက်ယူထားပြီး၊ ယခုအခါ ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လွယ်ဂျယ်ဂိတ်တွင် တာဝန် ထမ်း ဆောင်နေသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ရဲမှူး ကောင်းနိုင်က ပြောသည်။

ရဲမှူး ကောင်းနိုင်က “ကျနော်တို့မှာက ကောက်ယူထားတဲ့ သူတို့ရဲ့ လိပ်စာအတိုင်းတော့ သက်ဆိုင်ရာ နယ်မြေ အုပ်ချုပ် ရေးတွေဘက်ကို အကြောင်းကြားထားပါတယ်။ အဲဒီဘက်ကလည်း ကျန်းမာရေး ဝန်ထမ်းတွေက သူတို့ နယ်မြေထဲမှာ စောင့်ကြည့်နေကြပါတယ်” ဟု ဆိုသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
19
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
50
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
275

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်(၁၁)ရက်တွင် Covid-19 ပိုးတွေ့ အတည်ပြုခဲ့သည့် လူနာအမှတ်၂၄၉ သည် လွယ်ဂျယ်ဂိတ်တွင် ၃ ရက်တာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်စဉ် ထိတွေ့ခဲ့သည့် တရုတ်ပြည်မှ ပြန်ဝင်သူ ၅ဝဝ ဝန်းကျင်ထဲမှ ၄၉ ဦးသည် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်သည့် လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းရွာမှ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဝိန်ခမ်းရွာသည် ယခင်ကတည်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မိမိတို့ ညှိနှိုင်းထားချက်အရ Lock Down ချထားသည့် ကျေးရွာတခု ဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနေကြောင်းလည်း ရဲမှူး ကောင်းနိုင်က ပြောသည်။

၎င်းက “အခု အဲဒီရွာက တရုတ်ပြန် ၄၉ ဦးကို သူတို့ (KIA) ကလည်း Quarantine ထည့်ပြီး နမူနာတွေ စစ်နေတယ်လို့ သိရတယ်။ သူတို့ မိသားစုဝင်တွေကတော့ Home Stay အနေနဲ့ စောင့်ကြည့်နေတယ်လို့ ကျနော်တို့သိရတယ်” ဟု ဆို သည်။

ထို့ပြင် ပိုးတွေ့လူနာအမှတ်၂၄၉ တာဝန် ထမ်းဆောင်စဉ် အနီးကပ် ထိတွေ့ခဲ့သည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း၂၇ ဦးကို Quarantine ဝင်ထားရပြီး ၁ဝ ဦးမှာ COVID-19 ပိုးမတွေ့သည့် အဖြေ ရရှိထားပြီဖြစ်ကြောင်း၊ လွယ်ဂျယ်ယ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများထဲမှ ၁၆၄ ဦး၏ နှာတို့ဖတ် နမူနာများကို ရန်ကုန်သို့ စစ်ဆေးရန် ပေးပို့ထား ကြောင်း အဆိုပါ ဂိတ်မှ ကျန်းမာရေး ဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ၁၆၄ ထဲမှ ၅၇ ဦးအဖြေသည် COVID-19 ပိုးမတွေ့ရှိရသည့် အဖြေရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်သည့် လွယ်ဂျယ် ဂိတ်မှ တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် ထိတွေ့မှု ရှိခဲ့သည်ဟု သံသယရှိသူများ၏ နမူ နာများကိုလည်း ထပ်မံပေးပို့သွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အေးသိန်းက အတည်ပြုသည်။

ယနေ့အချိန်အထိ ကချင်ပြည်နယ် တခုလုံးအတွင် COVID-19 ပိုးတွေ့ရှိသူ ၂ ဦးရှိနေပြီး ၂၉၈၄ ဦးအထိ ရန်ကုန်သို့ ပေးပို့ စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂ဝ၅၃ ဦး၏ အဖြေသည် ပိုးမတွေ့ရှိရကြောင်း၊ ၉၂၉ ဦး၏ အဖြေကို စောင့်ဆိုင်းနေဆဲဖြစ် ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၆၂ ဦး အထိ ရှိနေပြီး သေဆုံးခဲ့သူ ၆ ဦးရှိကြောင်း၊ ယမန်နေ့က စစ်ဆေးခဲ့ သည့် ၁၁၄၂ ဦးတွင်လည်း ရောဂါပိုး မတွေ့ရှိခဲ့ဟု ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

COVID-19 သည် တကမ္ဘာလုံးတွင် ၈ သန်းနီးပါးခန့်အထိ ကူးစက်ခံနေရပြီး သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်အထိ ရောက်ရှိနေပြီး ကူးစက်ခံရမှု အများဆုံးသည် အမေရိကန်နိုင်ငံ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတင်း ထုတ်ပြန်သည်။

ဆက်စပ်ဖတ်ရှုရန်

ထိန်းသိမ်းထားသော မြန်မာ ၃၀၀၀ ကျော် မလေးရှား ပြန်ပို့ချင်

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ၂၀၀ ကျော် ပြန်ဝင်လာ

Your Thoughts …
Tags: COVID-19တရုတ်ပြန်လူနာအမှတ်၂၄၉လွယ်ကျယ်နယ်စပ်ဂိတ်
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
မြန်မာရွှေ့ပြောင်း ကလေးများအတွက် ဖွင့်ထားသည့် ပညာရေး စင်တာများကို ဂုဏ်ယူဝင့်ကြွားစွာ လှည့်လည်ကြည့်ရှုတတ်သည်။

အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်

KNU ဗဟိုဌာနချုပ်တွင် လုံခြုံရေး ယူထားကြသည့် တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

KNU ထိပ်သီးအစည်းအဝေး သတိပေးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate