• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ

by မင်းအောင်ခိုင်
18 August 2020
in သတင်း
A A
စစ်တွေ ပြည်သူ့ဆေးရုံကြီး / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေ ပြည်သူ့ဆေးရုံကြီး / မင်းအောင်ခိုင် / ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ COVID 19 ရောဂါပိုးတွေ့ရှိသည့် အသက်၂၆ နှစ်အရွယ် အမျိုးသမီးနှင့် တိုက်ရိုက်ထိ တွေ့ခဲ့သူများ အပါအဝင် ဆက်စပ်ပတ်သက်သူ ၁၅၀ ကျော်ကို ကန့်သတ်မှုများ ပြုလုပ်ပြီး စောင့်ကြည့်လျက်ရှိ ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနက သိရသည်။

အဆိုပါ ကိုရိုနာ ဗိုင်းရပ်ပိုး တွေ့ရှိသူမှာ စစ်တွေမြို့ CB Bank (ခွဲ)မှ အမျိုးသမီးဝန်ထမ်းတဦး ဖြစ်ပြီး ၎င်းနှင့် တိုက်ရိုက် ထိတွေ့ခဲ့သူ မိသားစုဝင်များ၊ ဘဏ်ဝန်ထမ်းများ အပါအဝင် ပတ်သက်ဆက်နွယ်မှုရှိသူ စစ်တွေမြို့မှ ၁၀၆ ဦး၊ ကျောက်ဖြူ မြို့မှ ၃၃ ဦး၊ ပုဏ္ဏားကျွန်းမြို့ ၁၄ ဦး စုစုပေါင်း ၁၅၃ ဦးကို စောင့်ကြည့်ပြီး အသွားအလာများ ကန့်သတ် ထားကြောင်းလည်း ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
68
ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
18
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k

ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ စိုးဝင်းပိုင်က “သူနဲ့ တိုက်ရိုက် ထိတွေ့ ပတ်သက်တဲ့ မိသားစုဝင်တွေ၊ ဘဏ်ဝန်ထမ်းတွေကိုတော့ ကျနော်တို့ Quarantine ထားလိုက်ပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လူနာ အမှတ် ၃၇၅ နှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများကို သက်ဆိုင်ရာ မြို့နယ်များတွင် Facility Quarantine Center များတွင် စောင့်ကြည့်အဖြစ် ထားရှိပြီး၊ တဆင့်ခံ ပတ်သက်ဆက်စပ်သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်အဖြစ် ထားရှိကြောင်းလည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမားရေး ဦးစီး ဌာနက သိရသည်။

ထိုသို့ ထိတွေ့ဆက်စပ်သူ စစ်တွေမြို့မှ ၅၁ ဦးနှင့် ကျောက်ဖြူမြို့မှ ၃၃ ဦး စုစုပေါင်း ၈၄ ဦးတို့၏ ဆေးနမူနာများကို ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းသို့ ပထမအကြိမ်အဖြစ် သြဂုတ်လ ၁၇ ရက်က ပို့ဆောင်ပြီး ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ရောဂါ ပိုးရှိသူ မရှိကြောင်းလည်း သြဂုတ်လ ၁၈ ရက် မနက်ပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမားရေးမှူး အဆင့် (၁) ဦးအေးသန်းက “လူနာအမှတ် ၃၇၅ နဲ့ တိုက် ရိုက် ထိတွေ့တဲ့ မိသားစုဝင်တွေကိုတော့ ကျနော်တို့ စစ်တွေမြို့ တိုင်းရင်းဆေးရုံမှာ Quarantine ဝင်ခိုင်းထား တယ်။ သူနဲ့အတူ ခရီးသွားတဲ့ လူတွေနဲ့ တဆင့်ခံ ထိတွေ့သူတွေကိုတော့ ကျနော်တို့ နေအိမ်မှာပဲ အသွားအလား ကန့်သတ်ပြီးတော့ စောင့်ကြည့်အနေနဲ့ ထားရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လူနာအမှတ် ၃၇၅ နေအိမ်တွင် အိမ်ငှားနေထိုင်သူ မိသားစုထဲမှ ကလေးငယ်တဦး ဖျားနေသည့်အတွက် ပြည် သူများကြားတွင် စိုးရိမ်မှုများ ရှိနေသော်လည်း ထိတွေ့ ဆက်စပ်မှု ရှိသူ ၈၄ ဦး၏ ပထမအကြိမ် ဆေးစစ်ချက်များမှာ တဦး တယောက်မှ ပိုးတွေ့ လူနာ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် ရောဂါကူးစက်မှုကို မတွေ့ရှိရသေးကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

လက်ရှိ အချိန်တွင် စစ်တွေ တိုင်းရင်းဆေးရုံတွင် Facility Quarantine Center ဝင်နေသူများအနေဖြင့် ရေချိုးခန်းနှင့် အိမ်သာများကို သန့်ရှင်းရေး လုပ်ဆောင်ပေး ရန် လိုအပ်ကြောင်းလည်း သိရသည်။

စစ်တွေ တိုင်းရင်းဆေးရုံတွင် Quarantine ဝင်နေသူတဦးက “ အခု ကျန်တော်တို့ လိုအပ်နေတာက အိမ်သာတွေ၊ ရေချိုးခန်းတွေက သန့်ရှင်းမှု မရှိဘူး။ သန့်ရှင်းရေး လုပ်ပေးဖို့ လိုတယ်။ ဒီတိုင်း သန့်ရှင်းမှု မရှိဘဲ ထားမယ်ဆိုရင်တော့ ကိုဗစ်ထက် ကျနော်တို့ဆီကို တခြားကူးရောဂါမျိုးစုံ ကူးစက်မယ့် အခြေအနေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိသူ စစ်တွေမြို့ CB bank (ခွဲ)မှ ဝန်ထမ်း အမျိုးသမီးသည် ဇူလိုင်လ ၃၁ ရက်တွင် စစ် တွေမြို့မှနေ ကျောက်ဖြူမြို့သို့ Air KBZ လေကြောင်းလိုင်းဖြင့် ဘဏ်ဝန်ထမ်း ၆ ဦး၊ ဆေးကုမ္ပဏီမှ ဝန်ထမ်း၂ ဦးနှင့် တူ သွားရောက်ခဲ့ပြီး ကျောက်ဖြူ မြနန်းတော် တည်းခိုခန်းတွင် နေထိုင်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂ ရက်တွင် ကျောက်ဖြူမြို့မှနေ စစ်တွေမြို့သို့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA ) ဖြင့် ပြန်လည် ထွက်ခွာရောက်ရှိခဲ့ပြီး သြဂုတ်လ ၃ ရက်တွင် စစ်တွေမြို့မှနေ ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်ခဲ့ပြီး၊ သြဂုတ်လ ၄ ရက် တွင် CB bank သို့ ပြန်လည် အလုပ်ဝင်ခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ ပြန်လည် အလုပ်ဝင်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်တွင် ဖျားခြင်း၊ နှာစေးခြင်း၊ အနှံ့မရခြင်း စသော လက္ခာဏာများ ဖြစ် ပေါ်ခဲ့ရာ သြဂုတ်လ ၁၄ ရက်တွင် စစ်တွေ ပြည်သူ့ ဆေးရုံကြီးသို့ ကုသရန် တက်ရောက်လာသည့် အတွက် သံသယ လူနာအဖြစ် ထားရှိကာ ၎င်း၏ ဆေးနာမူနာများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်တွင် ကိုရိုနာ ဗိုင်းရပ်ရောဂါပိုး တွေ့ရှိကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိခဲ့သူ တောင်ကုတ်မှ ၁ ဦး၊ သံတွဲမှ ၁ ဦး၊ ကျောက်တော်မှ ၁ ဦး၊ မောင်တော ခရိုင်တွင် ၁၂ ဦး ရောဂါပိုး တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့မှာ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ် ကြောင်းလည်း သိရသည်။

You may also like these stories:

တရားမဝင် ဝင်ရောက်လာသူများ အရေး မောင်တောဒေသခံတချို့ ဆန္ဒပြ

Your Thoughts …
Tags: CB ဘဏ်ဝန်ထမ်းCOVID-19ကန့်သတ်စောင့်ကြည့်စစ်တွေ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

by ဧရာဝတီ
27 February 2024
6.1k

အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

by ဧရာဝတီ
16 November 2023
5.5k

ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

by ဧရာဝတီ
16 February 2024
4.9k

ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူ ကိစ္စတွေလည်း အတော်လေးကို ဒုက္ခရောက်နေကြရတယ်။

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

by ဧရာဝတီ
18 March 2024
4.7k

လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့် ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ်စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြပါတယ်။

Next Post
မန္တလေးမြို့ပေါ်ရှိ မဲရုံ တရုံတွင် မဲစာရင်း ကြည့်နေသူ ၁ ဦး / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတွင် ကိုယ်စားလှယ်လောင်း ၁ ဦး အရည်အချင်း မကိုက်ညီဟုဆိုကာ ပယ်ချခံရ

အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးအား ရုံးထုတ်လာစဉ်  /  မျိုးမင်းစိုး  / ဧရာဝတီ

အောင်ရဲထွေး သေဆုံးမှုမှ အာမခံပေးထားသူ ၃ ဦးကို ပြန်လည်ဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate