• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းတောင်ပိုင်းရှိ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရ

by ဧရာဝတီ
3 August 2022
in သတင်း
A A
၂၀၂၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်သည့် အကျဉ်းသားများ  / ဧရာဝတီ

၂၀၂၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်သည့် အကျဉ်းသားများ / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတောင်ပိုင်းရှိ လဝကအချုပ်ခန်းများတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား ပြန်လွတ်ရန် လုပ်ပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသား ပွဲစားအမျိုးသမီးတဦးက ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းအမျိုးသမီးသည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်ရှိ လဝကအချုပ်ခန်းတွင်းက မြန်မာနိုင်ငံသား ၅ ဦးအတွက် စကားပြန်မှတဆင့် ၁ ဦးလျှင် ဘတ်ငွေ ၁၈,၀၀၀ နှုန်းဖြင့် မြန်မာပြည်ရှိ ၎င်းတို့မိဘများထံမှ လွှဲပြောင်းရယူ ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)မှ ဦးဘရီက ဧရာဝတီကို ပြောသည်။

၎င်းက “မြန်မာပြည်မှာရှိတဲ့ မိဘတွေကို ပြောတာပေါ့။ တယောက်ကို ဘတ် ၁၈,၀၀၀ ပေးတယ်ဆိုရင် ဒီမှာ လွတ်မယ် ပေါ့။ ပွဲစားအမျိုးသမီးက ပြောတယ်ဆိုပြီး ဖုန်းဆက်တော့ မိဘတွေကလည်း လွတ်စေချင်တဲ့စိတ်နဲ့ ထည့်ပေးတာပေါ့။ အချုပ်ထဲမှာ ၃ လဝန်းကျင်လောက်တော့ ရှိနေကြပြီ။ အချုပ်ထဲကလူတွေနဲ့ တနယ်ထဲသား ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အမျိုးသမီးကို မြန်မာပြည်က မိဘတွေက ထုတ်လို့ရမလား။ ဘယ်လိုလုပ်ရမလဲဆိုပြီး ဆက်သွယ်ခိုင်းတော့ တစတစနဲ့ ပွဲစားတွေရဲ့ ဂွင်ထဲရောက်သွားတာ” ဟု ရှင်းပြသည်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အချုပ်ကျခံနေရခြင်းဖြစ်ပြီး ၎င်းတို့၏ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေသည့် အသိမိတ်ဆွေများမှတဆင့် ပွဲစားအမျိုးသမီးနှင့် ချိတ်ဆက်မိပြီး ယခုကဲ့သို့ ငွေကြေး လိမ်လည်ခံရခြင်း ဖြစ်သည်။

MWRN က အချုပ်ကျနေသူများ၏ အကူအညီတောင်းခံမှုကြောင့် ငွေကြေးလိမ်လည်သည့် ထိုင်းနိုင်ငံသား ပွဲစားအမျိုး သမီးကို ငွေများပြန်လည်ပေးရန် ဖုန်းဆက်တောင်းဆိုသည့်အခါ ယင်းအမျိုးသမီးက ဩဂုတ် ၉ ရက်နေ့ထိ အချိန်ပေး ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများအား ထိုင်းဥပဒေအရ လုပ်ထုံးလုပ်နည်းများဖြင့် တရားဝင် ပြန်လည်ပို့ဆောင်သည့်အခါ၌ ငွေကြေးတစုံတရာ ပေးရခြင်း မရှိသော်လည်း ထိုင်းအာဏာပိုင်တချို့က မြန်မာစကား ပြန်များကို အသုံးချပြီး လမ်းစရိတ်အဖြစ် ငွေကြေး တောင်းခံခြင်းများလည်း ရှိနေကြောင်း သိရသည်။

ဦးဘရီက “အာဏာပိုင်တွေ အနေနဲ့ ဒီကိစ္စတွေကို အရေးယူဆောင်ရွက်ခြင်း မရှိတာ အမှန်အကန်ပဲ။ သူတို့ ကိုယ်တိုင် လည်း အချုပ်ထဲကလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် စကားပြန်တွေကို အသုံးပြုပြီးတော့ ဘတ် ၅ ထောင်က နေ ၇ ထောင်ထိ တောင်းခိုင်းတာတွေလည်း ရှိတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီးတော့ စကားပြန်တွေက ရွေးယူလို့ ရတယ်ဆိုပြီး ဖြစ်လာတာပဲ” ဟု ပြောသည်။

အဆိုပါ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို ဧရာဝတီ က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါ။

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာပြီး ဖမ်းဆီးခံရသည့်အခါ အချုပ်ထဲ ရောက်ပြီးချိန်၌ လက်မှတ်ထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ပြီးပါက ငွေကြေးဖြင့်ဖြစ်စေ၊ အာမခံဖြင့်ဖြစ် စေ ရွေးထုတ်ခြင်းများ ပြုလုပ်၍မရတော့ဘဲ လွတ်ရက်စေ့မှသာလျှင် နယ်စပ်မှတဆင့် နေရပ်ပြန်ပို့ပေးခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ခန်းများတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား ၃၀၀ ကျော်ရှိပြီး ထိုင်းအစိုးရက ၂ ပတ်လျှင် ၁ ကြိမ် လူဦးရေ အကန့်အသတ်ဖြင့် နေရပ်သို့ ပြန်လည်ပို့ ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

You may also like these stories:

ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ

ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်

MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို

Your Thoughts …
Tags: MWRNထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းလုပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

by ဧရာဝတီ
9 July 2025
9k

အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။

ထွက်ပြေးလာသည့် စစ်သားများအား ရေကြောင်းမှ ခေါ်မည့်အစီအစဉ် ဘင်္ဂလားဒေ့ရှ် ပယ်ချ

ထွက်ပြေးလာသည့် စစ်သားများအား ရေကြောင်းမှ ခေါ်မည့်အစီအစဉ် ဘင်္ဂလားဒေ့ရှ် ပယ်ချ

by ဧရာဝတီ
7 February 2024
8.7k

မြန်မာနိုင်ငံတွင် စစ်သံမှူးတာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ် ရှဟီဒူးလ်ဟက်က ထိုစစ်သားများ သည် စစ်သုံ့ပန်းများမဟုတ်ကြောင်း မြန်မာသံရုံးအနေဖြင့် ၎င်းတို့နေရပ်ပြန်ရေး သေချာစီစဉ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

by Surachanee Sriyai
22 February 2024
3.8k

စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ထိုင်းအစိုးရအနေဖြင့် သတိထားသင့်သည်။

Next Post
ကြိုးမိန့်ကြောင့်တော်လှန်ရေးစိတ်ဓာတ်ပိုမိုပြင်းထန်လာ (ရုပ်/သံ)

ကြိုးမိန့်ကြောင့်တော်လှန်ရေးစိတ်ဓာတ်ပိုမိုပြင်းထန်လာ (ရုပ်/သံ)

အိန္ဒိယ ရေတပ် ဖျက်သင်္ဘော INS Ranvijay မှ BrahMos ခရုဇ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း  / Open source

ခရုဇ်ဒုံးကျည် မြန်မာကို ရောင်းရန် ရုရှားကြိုးစားနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved