• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပူဒဏ်ကြောင့် မန္တလေးတွင် သေဆုံးသူများပြားလာ

by ဧရာဝတီ
11 May 2023
in သတင်း
A A
မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့က အပူရှိန်တက်ပြီး အမျိုးသားတဦး လဲကျသေဆုံး / CJ

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့က အပူရှိန်တက်ပြီး အမျိုးသားတဦး လဲကျသေဆုံး / CJ

3.5k
VIEWS
Share on FacebookShare on Twitter

ယခုနှစ် နွေရာသီကာလမှာ မြန်မာအပါအဝင် အာရှနိုင်ငံများ၌ အပူချိန် စံချိန်တင် မြင့်လျက်ရှိရာ မန္တလေးမြို့တွင်လည်း Heat Stroke ခေါ် အပူရှပ်ခြင်းကြောင့် ဧပြီလနှင့် မေလအတွင်း သေဆုံးသူဦးရေ များပြားနေကြောင်း သိရသည်။
မန္တလေးတိုင်း၏ ဧပြီနှင့် မေလအတွင်း နေ့စဉ်ပျမ်းမျှအပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်ရှိသည်ဟု ဆိုရမည်ဖြစ် သော်လည်း တချို့ရက်များတွင် ၄၃ ဒီဂရီ စင်တီဂရိတ်အထိ အမြင့်ဆုံးရှိသဖြင့် ရောဂါခံရှိသည့် အသက် ၅၀ နှင့်အထက် များ မှာ အပူဒဏ်မခံနိုင်၍ သေဆုံးမှုများ ရှိနေကြောင်း ဧရာဝတီက မေးမြန်းထားသည့် ပရဟိတ အသင်းအဖွဲ့ ၃ ခုနှင့် ပုဂ္ဂလိက ဆေးခန်းဖွင့်လှစ်ထားသော ဆရာဝန်တဦးထံမှ သိရသည်။

မန္တလေးမြို့ အခြေစိုက် ပရဟိတ အသင်းအဖွဲ့တခု၏ အချက်အလက်များအရ ယခင်တလလျှင် ရုပ်အလောင်း ၁၀နှင့် ၂၀ ကြားတွင်သာ သယ်ဆောင်ပေးရသော်လည်း ဧပြီလမှစကာ မေလ ပထမပတ်အထိ သယ်ဆောင်ရသည့် ရုပ်အလောင်း ၅၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့သည် မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၂မြို့နယ်မှ ရပ်ကွက်တချို့အတွက်သာ လုပ် ဆောင်နေခြင်း ဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်မှာ တမြို့လုံးအတိုင်းအတာနှင့် ဆိုလျှင်အများအပြား ရှိနေနိုင် သေး ကြောင်း ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

မန္တလေးမြို့တွင် ပရဟိတအဖွဲ့ပေါင်း ၁၀၀ခန့် ရှိသည်ဟု သိရသည်။

မန္တလေးမြို့ အခြေစိုက် ပရဟိတ အသင်းအဖွဲ့ ဝင် တဦးက “အပူချိန်ကြောင့် သေဆုံးမှု မြင့်တက်တာပေါ့။ ၁ ပတ်အတွင်းကို ၁၀ ဦး ၊ ၁၃ ဦးအထိ ဆုံးတာပေါ့။ လူငယ်လည်း ပါတယ်။ အလုပ်လုပ်နေရင်းနဲ့ ဦးနှောက်သွေးကြော ပြတ်သွားတဲ့ ကောင်လေး အသက် ၂၀ ကျော်လောက်ကနေ သက်ကြီးပိုင်းတွေ အထိ ပါတယ်” ဟု ပြောသည်။

ထို့ပြင် အခြားသော ပရဟိတ အသင်းအဖွဲ့ တခုမှ ရရှိသော အချက်အလက်များအရ ဧပြီလမှ စကာ မေလ ပထမအပတ် အထိ ၎င်းတို့အဖွဲ့ သယ်ဆောင်ရသည့် ရုပ်အလောင်းသည် ၁၀၀ နှင့် ၁၅၀ ကြားတွင် ရှိနေကြောင်း ၊ ထိုအထဲမှ အများစုမှာ ရောဂါအခံများနှင့်အတူအပူရှပ်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့ဝင် တဦးက “မူးလဲတယ်၊ မူးလဲတယ် ဆိုပြီး ဆေးရုံပို့ရင် သေတာပဲ။ ဧပြီရယ်၊ မေရယ်မှာ ၁ ရက်ကို ၄၊ ၅လောင်းလောက်တော့ ရှိတယ်။ နယ်တွေကို ပြန်ပို့ရတာတွေလည်း ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးနှောက်သွေးကြော ပြတ်လို့တို့၊ မူးမေ့သွားတို့လို့ အဲဒီလိုမျိုးတွေ။ အရင်ကတော့ သေဆုံးတာက ရက်တိုင်းတော့ မရှိဘူး။ ရှိလည်း ၃ ယောက်လောက်ပေါ့” ဟု ပြောသည်။

ထိုသို့ သေဆုံးမှု မြင့်လာနေသလို တဖက်တွင်လည်း ရောဂါခံရှိသည့် သက်ကြီးပိုင်းများမှာ ပူပြင်းသည့် ရာသီဥတုဒဏ်ကို မခံနိုင်ခြင်း၊ ဖျားနာခြင်းများ ဖြစ်နေရာမန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး နှင့် ပုဂ္ဂလိက ဆေးရုံများတွင်လည်း လူနာများ ပြည့်လျှံနေပြီး လူနာသစ် ထပ်မံ ပို့ဆောင်၍ မရသည်အထိ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆေးရုံ မလုံလောက်မှုမှာ စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ ၅ ခုကို ပိတ်သိမ်း လိုက်၍ ရှိသည့် ဆေးရုံများ၌သာ စုပြုံပြနေရသည့်အတွက် လူနာနှင့် ဆေးရုံမမျှကာ ပြည့်လျှံနေရခြင်း ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုကြသည်။

မန္တလေးမြို့ အခြေစိုက် ပရဟိတအဖွဲ့ဝင်တဦးက “ ဆေးရုံ အကုန်ပြည့်နေတာ။ ပုဂ္ဂလိကဆေးရုံ တွေမှာလည်း ကုတင်မရ၊ အခန်းမရ၊ ပို့ရင် ဘယ်ဆေးရုံကမှ လက်မခံ။ မန္တလေး ပြည်သူ့ဆေးရုံ ကြီးကလည်း ၂ ဆောင်လား ၃ ဆောင်လား ပေါင်းပြီးတော့ ဖွင့်ပြီး ကုတော့ ကုနေတာပဲ။ ဆေးရုံ ၅ ရုံ ပိတ်ပြီး နောက်ပိုင်း စကျပ်တာ။ ဆေးရုံတွေ နည်းတာကြောင့်လည်း ပါတယ်။ ခါတိုင်းက ညပိုင်း လောက်ပဲ ပို့ရတာ အဆင်မပြေတာ။ အခုကတော့ နေ့ရော ညရော အဆင်မပြေတာ” ဟု ပြောသည်။

ထိုသို့ အပူချိန်မြင့်တက်လေ့ရှိသဖြင့် Heat Stroke (အပူရှပ်ခြင်း) ကြောင့် သေဆုံးမှုကို ကာကွယ်ရန် ယခင်က မန္တလေး အထွေထွေရောဂါကု ဆေးရုံတွင် ရေခဲ၊ အအေးခန်း အပါအဝင် လိုအပ်သည့် ဆေးဝါးများကို ပြင်ဆင်ထား လေ့ရှိသော် လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ထိုသို့ ပြင်ဆင်မှု အားနည်းနေကြောင်း ဆေးရုံနှင့် နီးစပ်သူများက ဆိုကြသည်။

မန္တလေးမြို့အပြင် ရန်ကုန်မြို့တွင်လည်း အပူဒဏ်ကြောင့် လမ်းသွားလာရင်းဖြင့်ပင် လဲကျ သေဆုံးမှုများ ရှိနေသည်ကို တွေ့ရသည်။

မန္တလေးမြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာဝန် တဦးက “မန္တလေးမြို့ပေါ်မှာ မဟုတ်ဘူး၊ အဲဒီလို ဝေဒနာသည်တွေက တနိုင်ငံလုံးများနေမှာပဲ။ သေတယ်ဆိုတာ Heat Stroke အဆင့်ရောက်လို့ပဲ။ အရမ်းဆိုးရင် ကုထုံးက ပန်ကာတွေ ဖွင့်ပေးရတယ်။ ရေခဲတွေနဲ့ကို ခေါင်းကနေ လောင်းချိုးပေးရတာ ရှိတယ်။ ဦးနှောက်ထဲမှာ ရှိတာက ဘာနဲ့ တူလဲဆိုရင် အိမ်တအိမ်ရဲ့ Main ခလုတ်လိုပဲ။ အဲဒါရှော့ဖြစ်သွားရင် တအိမ်လုံးလျှပ်စစ် သုံးလို့ မရသလိုပဲ။ အဲဒီခန္ဓာကိုယ်ထဲက အပူချိန်မြင့်တက်နေတဲ့ စင်တာကို ၊ မီးလောင်နေတာကို ရေနဲ့ငြှိမ်းသလို လုပ်မှ။ မဟုတ်ရင် သေတာပဲ” ဟု ပြောသည်။

ယင်းသို့ အပူချိန်ပြင်းထန်နေသည့်အတွက် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို လေ့လာပြီး လုပ်ဆောင်သင့်ကြောင်း၊ ရေ နှင့် ဓာတ်ဆား ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် အဟာရ ပြည့်ဝအောင် စားပေးသင့်ကြောင်း ၊ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကိုလည်း ပြည်သူလူထု သိစေရန် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ပေးမှုများလည်း လိုအပ်နေကြောင်း ၎င်းက ပြောသည်။

အပူဒဏ်မှကာကွယ်ရန်မှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းအချိန်များတွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသောနေရာများတွင် နေကြရန်၊ ပြင်းထန်သည့်နေရောင်အောက်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဉ်ရန်၊ အလင်းပြန်သော အဖြူရောင်နှင့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ရန်၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ရေချိုးဆိပ်များ၌ ရေချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းများကို ရှောင်ကြဉ်ကြရန် တို့ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေး ကဲ့သို့ မြို့ကြီးများတွင် ရာသီဥတု အပူဒဏ် လွန်ကဲခြင်းအပြင် လျှပ်စစ်မီးရရှိချိန် နည်းပါးနေသည့် အတွက် ရေပြဿနာနှင့် အပူဒဏ်သက်သာစေရန် ပန်ကာ၊ အဲကွန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းများကို အသုံးပြုနိုင်ခြင်း မရှိသလို စစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံအလယ်ပိုင်း ဒေသဖြစ်သည့် စစ်ကိုင်းနှင့် မကွေးကဲ့သို့ ဒေသများတွင်လည်း စစ်ရှောင်ပြည်သူများ အပူချိန်လွန်ကဲမှုဒဏ်ကို ခံစားနေရပြီး သက်ကြီးပိုင်းများ သေဆုံးမှု ရှိနေသည်။

You may also like these stories:

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ ၅ ခုကို စစ်ကောင်စီ ယာယီ ပိတ်သိမ်း

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

Your Thoughts …
Tags: heat strokeဆေးရုံမန္တလေးသေဆုံးအပူချိန်မြင့်တက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
၂၀၂၁ ခုနှစ် ဇွန်လ ရုရှားနိုင်ငံခရီးစဉ်အတွင်း တွေ့ရသော မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်

PDF ဆီက စစ်ကောင်စီ လက်နက်ပြန်ဝယ်နေတာလား

ကြိမ်ခွေမော် ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းလာကြသည့် ငပြီကျွန်း ဒေသခံများ / CJ

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved