
ရုရှားရေတပ်၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောများက ဦးဆောင်ပြီး အမြောက်များ၊ တိုပီဒိုများကို ပစ်လွှတ်ကာ ပစ္စဖိတ်သမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ရုရှား အရှေဖျားဒေသ ရေတပ်တော်စုမှ ပြောရေးဆိုခွင့် ရှိသူ ရိုမန်မာတော့ဗ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရုရှားသတင်းများမှာ ဖော်ပြထားသည်။ ဒီစစ်ရေးလေ့ကျင်မှုမှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ်တင်သင်္ဘော Il-38 N လည်းပါဝင်မယ်လို့ သိရပါတယ်။
ယခုအခါ ပစ္စဖိတ်သမုဒ္ဒရာအတွင်းမှာ တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှု အပြင် ကိုရီးယားကျွန်းဆွယ်တင်းမာမှု ဖြစ်ပွားလျှက်ရှိပြီး၊ အမေရိကန်ကလည်း တရုတ်ရဲ့ စစ်ရေးတိုးချဲ့မှုကို ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းကာ တန်ပြန်ဖို့ ပြုလုပ်လျှက်ရှိပါတယ်။