ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူ အမျိုးသမီးများအနေဖြင့် စင်္ကာပူနိုင်ငံ သို့ လာရောက်ခြင်းကို ခေတ္တရပ်ဆိုင်းထားသင့်ကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ စက်တင်ဘာ ၂ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။
လက်ရှိ စင်္ကာပူနိုင်ငံတွင် Zika Virus(ဇီကာပိုး) ပြန့်ပွားလျက်ရှိရာ သြဂုတ် ၃၀ ရက်နေ့ တွင် မြန်မာ နိုင်ငံသားတဦးကူးစက်ခံခဲ့ရပြီး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေရကြောင်း၊ ရောဂါပိုးနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက သံရုံးအရေးပေါ်ဖုန်းအမှတ် ၈၂၄၆၈၅၈၁ သို့ ဆက်သွယ်နိုင် ကြောင်း သံရုံးကထုတ်ပြန်ထားသည်။
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူသည် ကိုယ်အပူရှိန်တက်၍ အဖျားရှိခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း များဖြစ်ပေါ်စေကြောင်း သိရသည်။