အိန္ဒိယနှင့် ရုရှားအကြား S-400 Triumf လေကြောင်းကာကွယ်ရေး ဒုုံးပျံစနစ် ရောင်းချရေး အပါအဝင် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၆ချက်ကို နောက်ဆုံးအကြိမ် လက်မှတ်ရေးထိုးကြောင်း သိရပါတယ်။
အဆိုပါ သဘောတူညီချက်များကို အောက်တိုဘာ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ကျင်းပ သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ ပါဝင်သည့် ၁ရကြိမ်မြောက် BRICS ဆွေးနွေးပွဲတက်ရောက်သည့် ရုရှားသမ္မတ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ အကြား သဘောတူညီချက်ရ ရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိ- ရုရှား သဘောတူညီချက်တွင် ကာကွယ်ရေး အတွက် အမေရိကန်ဒေါ်လာ ၅ဘီလျံကျော် တန်ဘိုးရှိ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံစနစ် ဝယ်ယူရေး၊ နောက်ဆုံးပေါ် Project 11356 အမျိုးအစား ဖရီဂိတ်စစ်သင်္ဘော ၃စီးဝယ်ယူရေး၊ စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရေး စသည့်တို့ပါဝင် သည်။
လက်ရှိ အိန္ဒိယရေတပ်တွင် Project 11356 အမျိုးအစားထက် စောသည့် ပဲ့ထိန်းဒုံးပျံတပ်ဆင်ထား သည့် ရုရှားလုပ် Talwar အမျိုးအစား ဖရီဂိတ် စစ်သင်္ဘော ၆စီးပိုင်ဆိုင်ထားသည်။
ဒါအပြင် ရုုရှားလုပ် Kamov 226T အမျိုးအစား ဘက်စုံသုံး ရဟတ် ယာဉ် ၂၀၀ အိန္ဒိယတွင် ထုတ် လုပ်ရန်လည်း သဘောတူညီခဲ့သည်။
ဝန်ကြီးချုပ်မိုဒီက သမ္မတ ပူတင်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါကစ္စတန်ကိုတော့ တိုက်ရိုက်ရည် ညွှန်းခြင်းမရှိပေမယ့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ လုပ်ဆောင်မှုတွေကို ရုရှား၏ ရပ်တည်ထောက်ခံချက်နဲ့ ပတ်သက်ပြီး အထူး ချီးမွမ်းပြောဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ရုရှားဟာ စစ်အေးခေတ် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကတည်းက စစ်ရေး၊ စီးပွားရေးမဟာမိတ်ဖြစ်ခဲ့ ပြီး၊ သမ္မတ ပူတင်လက်ထက်မှာလည်း စစ်ရေးမဟာမိတ်ဖြစ်ပါတယ်၊ ဒါပေမယ့် ယခုနှစ်အတွင်းမှာ အိန္ဒိယဟာ အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင့်လာသလို၊ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေကိုပါ ပြုလုပ်ခဲ့ပါတယ်၊ အလားတူ ရုရှားကလည်း တရုတ်၊ ပါကစ္စတန်တို့နဲ့လည်း ပိုမိုဆက်ဆံလာခဲ့ပါတယ်။
အဲဒီအတွက် “မိတ်ဆွေဟောင်းဟာ မိတ်ဆွေသစ်တွေထက် ပိုသာတယ်လို့”လည်း အိန္ဒိယဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
စွမ်းအင်ကဏ္ဍမှာလည်း ရုရှား အဓိကရေနံ ကုမ္ပဏီ Rosneft နဲ့ အိန္ဒိယရေနံကုမ္ပဏီ Essar တို့အကြား အမေရိကန် ဒေါ်လာ ၁၃ ဘီလျံတန်ဘိုးရှိ သဘောတူညီချက်ရရှိခဲ့ပါတယ်။
ရုရှားအနေနဲ့လည်း အိန္ဒိယရဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုပြုလုပ်ဖို့ရှိတယ် လို့လည်း သိရပါတယ်။
သမ္မတ ပူတင်ကလည်း အိန္ဒိယစွမ်းအင်ကဏ္ဍအတွက် နျူကလီးယားစွမ်းအင်ဖြန့်ဖြူရေးဟာ အိန္ဒိယ စီးပွားရေးတိုးတက်ဖို့အတွက် အလွန် အရေးကြီးကြောင်းလည်းဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ မော်စကိုခရီးစဉ်မှာ ရုရှားနဲ့ ကာကွယ်ရေး၊ စွမ်းအင်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးခဲ့ပေမယ့် S-400 ဒုံးပျံများ ရောင်းချပေးရေးမပါဝင်ခဲ့ပါဘူး။