ဂျာနယ်လစ်နဲ့ ဘာတေးလ် လင့်တနာ (Bertil Lintner) ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စာအုပ်နဲ့ ဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။ ဘာတေးလ် လင့်တနာဟာ လက်ရှိမှာလည်း ဧရာဝတီ သတင်းဌာန အပါအဝင် မီဒီယာတွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ရေးသားနေဆဲ ဖြစ်ပါတယ်။ ဘာတေးလ် လင့်တနာနဲ့ ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ၊ အယ်ဒီတာချုပ် အောင်ဇော်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရ လက်ထက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာ MPC ရဲ့ အနာဂတ် စတာတွေကို ဆွေးနွေးထားပါတယ်။
(အင်တာဗျူး မြန်မာ ဘာသာပြန်ကို မကြာခင် ဖော်ပြပေးပါမယ်)