ဧရာဝတီ ၊ အောက်တိုဘာ ၁၇ ၊ ၂၀၁၈
နေပြည်တော်မှာအောက်တိုဘာ ၁၅ ရက် နဲ့ ၁၆ ရက် ၂ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးနေတဲ့ ခွဲမထွက်ရေးမူနဲ့ တစ်ခုတည်းသော တပ်မတော်မူ ထားရှိရေး ကိစ္စတွေမှာ သဘောတူညီမှု မရပေမယ့် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရိုက်ကူး – ကျော်မျိုး၊ ထက်နိုင်ဇော်