သူမရှိတော့တဲ့အခါ မိုး/ဇလဌာနက ပညာတတ်လူငယ်တွေ တိုင်းပြည်အပေါ်အလုပ်အကျွေးပြုလို စိတ်ရှိကြဖို့နဲ့ ပညာတတ်တွေကို နိုင်ငံတော်က ချီးမြှောက်ပေးဖို့ မိုးလေဝသနဲ့ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်ကြီး ဒေါက်တာဦးထွန်းလွင် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဆေးရုံတက်ရောက်မကုသမီ ရက်ပိုင်းအလို အောက်တိုဘာလ ၁၆ ရက်က ဧရာဝတီသတင်းဌာနနဲ့ သူ့ရဲ့နေအိမ်မှာ တွေ့ဆုံမေးမြန်းခဲ့စဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။