ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်နေတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့် ဟာ တာဝန်ထမ်းဆောင်နေလျှက်ရှိကြောင်း စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ကောင် စီအာဘော် မြဝတီရုပ်သံ ည ၈ နာရီသတင်းမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတချို့က ဗိုလ်မှူးချုပ် ဖြိုးသန့် နဲ့ အရာရှိတချို့ဟာ စစ်ကောင်စီရဲ့ ထိန်းသိမ်းခြင်းကို ခံထားရပြီး စစ်ကြောခြင်း ခံနေရတယ်လို့ သတင်း ဖော်ပြခဲ့ကြပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဒီလို ထုတ်ပြန်နေပေမယ့်လည်း ဗိုလ်မှူးချုပ် ဖြိုးသန့်ဟာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံနိုင်ဖို့ သူ့ကို တာဝန်ခံပေးနိုင်မယ့် လူတချို့ နဲ့ ဆက်သွယ်ညှိနှိုင်းမှုတွေ ပြုလုပ်နေစဉ်မှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တချို့ထံကနေ စုံစမ်း သိရှိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup