အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဒီ ၁၆ ရက်တာ လှုပ်ရှားမှုဟာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံထဲမှာ အရှိန်မြှင့်လုပ်ဆောင်နေကြတာတွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းမှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ၁၀ လအတွင်း အမျိုးသမီး ၈၉ ဦးသေဆုံးခဲ့သလို ၁၃၃၈ ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားကာလ အတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ပပျောက်ရေး အတွက် လူထုအလွှာ အသီးသီးက မြို့ပြနဲ့ ကျေးလက်တွေပေါ်မှာသာမကဘဲ စစ်မြေပြင်မှာရောက်ရှိနေသူတွေကပါ လှုပ်ရှားနေကြတာဖြစ်ပါတယ်။