ပူပြင်းတဲ့ နွေနေ့ရက်တွေအပြီး စိုစွတ်အေးမြတဲ့ မိုးရာသီကို ရောက်လာပြီလို့ ပြောရမလိုဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ မိုးက ရက်ဆက်ဆိုသလို ရွာနေပါတော့တယ်။
မကြာခင်ရောက်ရှိလာတော့မယ့် မိုးရာသီဟာ ကျောင်းဖွင့်ရာသီလည်းဖြစ်တာကြောင့် ထီး၊ မိုးကား စတာတွေကို ဦးစားပေးဝယ်ယူနေကြပါပြီ။ ထီးက လူကြီးတွေအတွက် အဆင်ပြေပေမယ့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေအတွက်တော့ မိုးထဲရေထဲမှာ ထီးတဖက်၊ လွယ်အိတ် တဖက်၊ ထမင်းချိုင့်တဖက်နဲ့ဆိုရင် အဆင်မပြေလှပါဘူး။
အဲဒါကြောင့် ကလေးငယ်လေးတွေအတွက် ဦးထုပ်အဖြစ်ဆောင်းလိုက်တာနဲ့ ထီးတချောင်း ဆောင်းလိုက်ရသလို လှုံခြုံသွားစေနိုင်မယ့် ထီးဦးထုပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒါဟာ မိုးထဲရေထဲမှာ ကလေးငယ်တွေ ဒုက္ခမများစေဖို့ သုံးသင့်တဲ့ပစ္စည်းလေးလို့ ပြောရမှာပါ။
“အရောင်၂ မျိုး၊ ဆိုဒ် ၂ မျိုး ရှိပြီး ပန်းရောင်ဆိုဒ်အသေးက ကလေးငယ် အသက် ၅ နှစ် ကနေ ၁၀ နှစ် ထိ ဆောင်းလို့ရပြီး အဝါရောင်ဆိုဒ်အကြီးကတော့ ၁၀နှစ်နှင့်အထက် လူကြီးတွေထိ ဆောင်းလို့ ရတယ်”လို့ crystal online shopping မှ ကိုဟိန်းကျော်စွာက ဧရာဝတီကို ပြောပါတယ်။
ဈေးနှုန်းအနေနဲ့ ၁၂၀၀၀ကျပ် ဖြစ်ပါတယ်။ Crystal online shopping မှာ ဝယ်ယူနိုင်ပါတယ်။