တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်း၊ Shandong ပြည်နယ်ရှိ Qingdao မြို့ရဲ့ ပင်လယ်ကမ်းခြေကို အနားယူ ပျော်ရွှင်ဖို့ ရောက်လာနေတဲ့ ကမ်းခြေချစ်သူတွေ ဝင်လာမစဲ တသဲသဲ ဖြစ်နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ကမ်းခြေမှာ အစိမ်းရောင် မြက်ခင်းပြင်ကြီး ခင်းထားသလို ပေါက်ရောက်နေတဲ့ ရေညှိစိမ်းတွေနဲ့ ထိတွေ့ရင် ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ဒေသခံတွေက ထုတ်ဖော်ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။
ပူနွေးတဲ့ ပင်လယ်ရေထဲမှာ အလွန် လျင်လျင်မြန်မြန် ပေါက်ပွားနိုင်တဲ့ “ပင်လယ်ဆလပ်”လို့ ခေါ်တဲ့ အဲဒီ ရေညှိထဲမှာ ဗီတာမင် ပြည့်ဝတဲ့ မဂ္ဂနီဆီယမ်နဲ့ အခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အသားအရည်ကို ချောမွေ့ကောင်းမွန်စေပြီး သွေးတိုးရောဂါကိုလည်း နည်းပါးလျော့ကျစေပါသတဲ့။ သို့ပေမယ့် အဲဒီ ပင်လယ်ဆလပ် ရေညှိတွေက ပုပ်သိုးတာလည်း အလွန်မြန်ဆန်ပါတယ်။
အဲဒီလို ပုပ်သိုးဆွေးမြေ့သွားတဲ့ ပင်လယ်ဆလပ် ရေညှိတွေရဲ့ အနံ့ဟာ အလွန်နံပြီး ဟိုက်ဒရိုဂျင်ဆာလဖိုက် ဓာတ်ငွေ့ပါတဲ့ အငွေ့တွေ ထွက်ပေါ်လာစေတာကြောင့် ကမ်းခြေသန့်ရှင်းရေးအဖွဲ့က မြန်မြန်ဆန်ဆန် ဖယ်ရှား ရှင်းလင်းပေးရပါတယ် လို့ CCTV သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
Ref: CCTV news