• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

လေဖြတ်လေငန်း ရောဂါများကို အခမဲ့ ကုပေးနေတဲ့ သရုပ်ဆောင် ထူးခန့်ကျော်

by ချစ်ပိုး
23 August 2020
in Entertainment
A A
အကြောရောဂါအမျိုးမျိုးကို ကုသပေးနေတဲ့ ထူးခန့်ကျော်  / ချစ်ပိုး / ဧရာဝတီ

အကြောရောဂါအမျိုးမျိုးကို ကုသပေးနေတဲ့ ထူးခန့်ကျော် / ချစ်ပိုး / ဧရာဝတီ

24.5k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေ ခေတ္တ ရပ်နားထားချိန်မှာ သူတတ်မြောက်ထားတဲ့ ပညာနဲ့ လေဖြတ်လေငန်းနဲ့ အကြောရောဂါ အမျိုးမျိုးကို ငွေကြေး တပြားတချပ်မှ မယူပဲ အခမဲ့ ကုသပေးနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လူပေါင်းစုံ ဘာသာပေါင်းစုံကို မိသားစုစိတ်နဲ့ မေတ္တာထား ကုနေတာပါ။ ကျနော် ဂေါက်ရောဂါ၊ လေဖြတ်လေငန်း၊ အရိုးရောဂါ၊ ကျီးပေါင်း ကုသပေးနေပါတယ်။ ဝဋ်နာကံနာတော့ မရဘူး။ အရင်က တရက် ၄ ယောက်လောက်ပဲ ကုပေးတယ်။ ငါကုတဲ့ ၄ ယောက်လောက်က ၄ ယောက်ပဲ ပျောက်မှာ။ နောက်ထပ် ၁၀ ယောက် ဖြစ်သွားတယ်။ ၁၀ ယောက်ကနေ အယောက် ၂၀ ကုတယ်”

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
409
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
339
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

“အယောက် ၂၀ ကနေ ၃၀ ကုတယ်။ နောက်ပိုင်း တနေ့ အယောက် ၅၀ ကုဖို့ လုပ်ထားတယ်။ ကျနော် ဘုရားမတည်ခင် လူတွေ များများ မြန်မြန်ပျောက်ဖို့ ကုမယ်။ ကျနော် အခုလို ဆေးကုတာ ငွေကြေး တပြားတချပ်မှ မယူဘူး”လို့ ထူးခန့်ကျော်က ပြောပါတယ်။

တိုင်းရင်းဆေးကုသမှု လက်မှတ် မရှိဘဲ ကုသနေတယ်လို့ ဝေဖန် ပြောဆိုနေကြတဲ့အပေါ်လည်း ထူးခန့်ကျော်က အခုလိုပဲ ဆိုပါတယ်။

“ကျနော့်ကို ဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ စိန်ခေါ်စကားပြောတာ မဟုတ်ပါဘူး။ ဂေါက်ရောဂါ၊ လေဖြတ်လေငန်း တထိုင်တည်း ကုမယ်။ လက်ထုံနေတဲ့သူ ချက်ချင်း သိသာအောင် လုပ်ပြမယ်။ ဒီချိန်မှာ ဒုက္ခတွေရောက်နေတဲ့အချိန်မှာ မေတ္တာတွေ ထားပြီး တယောက်ကို တယောက် ဖေးမမယ့် စိတ်တွေ မွေးရမှာ။ အကုသိုလ်တွေ များရမယ့်အချိန် မဟုတ်ဘူး”

“မိမိမှာ ပညာ ၈၀ တတ်ရင် ၈၀ ကို ဘယ်လို အသုံးချမလဲ။ ၄၀ ခွဲပေးမယ်။ ၂၀ ခွဲပေးမယ်။ ၁၀ ခွဲပေးမယ်ဆိုပြီး အဲ့လို လုပ်ရင် ရောဂါတွေ မပျောက်ကြဘူးလား။ ငတ်လို့ ဆေးကုစားတာ မဟုတ်ပါဘူး။ ကျနော့်ကို လက်မှတ် မရှိလို့ ကုနေတယ်ဆိုပြီး ပြောတဲ့သူတွေ ပါးစပ်ပိတ်ထား”လို့ ထူးခန့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး ထူးခန့်ကျော်က အခုလို ကုသမှုများ ရရှိခဲ့တဲ့ အလှူငွေများကိုလည်း ဘုရားတည်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“တခြားသူတွေလည်း လက်မှတ် မရှိဘဲ ကုနေတာ။ ကျနော်က စိတ်မဆိုးဘူး။ အပြင်မှာလည်း လာပြောလို့ရတယ်။ ကိုယ့်စီးပွားရေး ကိုယ်ရှိတယ်။ တလတလကို ဘယ်လောက်ဆိုတဲ့ ဝင်ငွေ ရှိတယ်။ ဒီက ရတာကိုလည်း နှိုက်မစားဘူး။ အလှူခံပုံးထားတယ်ဆိုတာ ဘုရားတည်ဖို့ ထားတာ”

“အခုမှ ဘုရားတည်တာ မဟုတ်ဘူး။ ဒါနဲ့ဆို ဘုရားတည်တာ ၄ ဆူ ရှိပြီ။ သိမ်၊ ကျောင်း၊ ရေတွင်းရေကန် အကုန်လုပ်ခဲ့ပြီးပြီ။ ကျနော်အတွက်နဲ့တော့ ငရဲ မယူကြပါနဲ့။ ကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဦးညွှတ်ပါတယ်။ ငယ်တဲ့သူတွေလည်း လေးစားပါတယ်”လို့ ထူးခန့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ် အားပေးမှု ရရှိထားပါတယ်။ သူကတော့ ၂၀၁၉ ခုနှစ်က မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာလည်း “ပြည်ထောင်စုသစ္စာ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ခဲ့ပါသေးတယ်။

You may also like these stories:

တရုတ်ရိုးရာ တိုင်းရင်းဆေးတွေကို ပြက်ရယ်ပြုသူများအား အရေးယူမည်

COVID-19 ထိန်းချုပ်ဖို့ မျှော်လင့်ချက်ဖြစ်လာတဲ့ တရုတ်တိုင်းရင်းဆေးလုပ်ငန်းများ

Your Thoughts …
Tags: တိုင်းရင်းဆေးထူးခန့်ကျော်သရုပ်ဆောင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

by ဧရာဝတီ
6 April 2025
1.4k

တိုင်းပြည် ဘေးဒုက္ခကြုံရချိန်တိုင်းမှာ မယောင်ရာဆီလူး လုပ်နေတာကိုအမြဲလို တွေ့နေရတဲ့ အာဏာသိမ်း ခေါင်းဆောင်ဟာ ဒီတခေါက်မှာတော့ငလျင်ဒဏ်သင့် နေရာတွေထဲက နေပြည်တော်နဲ့ မန္တလေးကို ကွင်းဆင်းကြည့်ရှုမှုတွေ လုပ်ပြခဲ့ပါတယ်။

ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးမှတ်တမ်း ရိုက်ကူးနေသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်  /  SSPP Info

သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦးကိစ္စ SSPP တာဝန်ယူ ဖြေရှင်းနေဟုဆို

by ဧရာဝတီ
7 July 2022
19k

မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်း ဖြစ်ကြောင်းကိုလည်း SSPP/...

ဝါရင့် သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်း

မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း

by ဧရာဝတီ
11 July 2020
45.3k

၁၉၇၀ ခုနှစ်မှာ ကျော်ဟိန်း ပထမဆုံး ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “စိန် သို့မဟုတ် စိန်” ဇာတ်ကား ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

by ဧရာဝတီ
14 May 2022
13.9k

အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်ကို စစ်ကောင်စီက လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ  / U Aung Myo Shein

သံချပ်များဖြင့် ပရိသတ်ကို ရယ်မောစေခဲ့သူ လူရွှင်တော်ကြီး မေတ္တာ

by ဧရာဝတီ
4 August 2021
31.9k

မေတ္တာ ကွယ်လွန်ခြင်းသည် ရုပ်ရှင်၊ သဘင်၊ စာပေနယ်ပယ်များတွင်သာမက သင်္ကြန်သံချပ်သမားတို့၏ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည်

Next Post
ယနေ့ နေပြည်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်  / ထက်နိုင်ဇော် / ဧရာဝတီ

ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခြင်းမှာ ပါတီပုံရိပ်ကြောင့်ဟု ဆို

ထရမ့်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံမှာ TikTok App ကို ပိတ်သိမ်းဖို့ အမိန့် ထုတ်ထားပါတယ်။

သမ္မတ ထရမ့်ကို TikTok ကုမ္ပဏီဘက်က တရားစွဲမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate