စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ ပါဝင်ပေးနေတဲ့ အဆိုတော် Leo က တော်လှန်ရေးမှာ ပေးလိုက်ရတဲ့ အသက်တွေ၊ ချုပ်နှောင်ခံလိုက်ရတဲ့ ဘဝတွေ၊ စွန့်လွှတ်လိုက်ရတဲ့ အနာဂတ်တွေအတွက် စာနာပေးကြပါလို့ ဆိုပါတယ်။
“ယုံကြည်ချက် ခံယူချက် မရှိတဲ့ စိတ်ဓာတ်တွေဟာ နိုင်ငံ့တိုးတက်မှုနဲ့အတူ ပျောက်ဆုံးခဲ့တာ ခေတ်ကာလ ကြာခဲ့ပါပြီ။ ခိုင်မာမှု မရှိတဲ့ ခံယူချက်တွေဟာ သမာဓိနဲ့အတူ လဲပြိုနေဦးမှာပဲ။ ပေးလိုက်ရတဲ့ အသက်တွေ၊ ချူပ်နှောင်ခံလိုက်ရတဲ့ ဘဝတွေ၊ စွန့်လွှတ်လိုက်ရတဲ့ အနာဂတ်တွေကို စာနာပေးကြပါ။ ကိုယ်ချင်စာတရားဆိုတာ လူတိုင်းကျင့်ကြံရမယ့် အရာတခုပါ”လို့ Leo က ပြောပါတယ်။
ဆက်လက်ပြီး Boycott (သပိတ်မှောက်ခြင်း) ဟာ ပြစ်မှု ကျူးလွန်တာ မဟုတ်ဘဲ၊ မတရားမှုနဲ့ ဆက်နွယ်မနေရင် Boycott အောင်မြင်တယ်လို့ ဆိုပါတယ်။
“Boycott လုပ်တာဟာ ပြစ်မှု ကျူးလွန်တာ မဟုတ်ပါ။ မတရားမှုနဲ့ ဆက်စပ်နေတဲ့အရာတွေ အမြစ်ပြတ်သထက် ပြတ်နိုင်အောင် ခုတ်တဲ့ ဓားတချောင်းပါပဲ။ ကိုယ့်ဘေးနားမှာ ရှိတဲ့ အသိုင်းအဝိုင်းဟာ မတရားမှုနဲ့ ဆက်နွယ်မနေရင် Boycott အောင်မြင်ပါတယ်။ တယောက်ချင်းစီ တာဝန်ကျေကြစို့”
“ကျနော့် ပတ်ဝန်းကျင်မှာ စစ်တပ်နဲ့ ဆက်နွယ်ပြီး အလုပ်မလုပ်ကြတဲ့သူတွေ များလာပြီ။ စစ်တပ်ရဲ့စီးပွားရေးထုတ်ကုန်တွေ အားမပေးတဲ့သူတွေ များလာပြီ။ စစ်တပ် အားပေးတဲ့ တရုတ်ရဲ့ ထွက်ကုန် မှန်သမျှ အားမပေးတဲ့သူတွေ များလာပြီ”လို့ Leo က ဆိုပါတယ်။
“အဓိကက ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံဟာ ဘယ်ကို စီးဆင်းသွားသလဲဆိုတဲ့ အရင်းအမြစ်ကို လေ့လာဆန်းစစ်နိုင်ပြီး ရှောင်နိုင်ရင် Boycott အောင်မြင်ပါတယ်။ ကြိုးစားကြစို့”လို့ Leo က ပြောထားပါတယ်။
အဆိုတော် Leo ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်မှာ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ စစ်ဘေးရှောင်တွေအတွက်လည်း တတ်အားသရွေ့ စုပေါင်းကာ ကူညီ လှူဒါန်းပေးနေသူ ဖြစ်ပါတယ်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို