လူတွေ နေ့တိုင်း တွေ့မြင်နေရတဲ့ တချို့အရာတွေမှာ ထူးဆန်း အံ့သြစရာတွေ ပါနေတတ်ပါတယ်။ ဒီအချက်တွေကို လူတချို့ကသာ စိတ်ဝင်တစား လေ့လာကြပြီး လူတော်တော်များများကတော့ သာမန် သဘောအရပဲ သုံးစွဲနေတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် ဒီတခါမှာ နေ့စဉ် စားသောက်နေကျ အစားအသောက်တွေရဲ့ အံ့သြဖွယ်ရာ ထူးခြားတဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။
(၁) ငရုတ်သီး
ငရုတ်သီးမှာ ပါဝင်တဲ့ အရောင်တွေက စပ်ခြင်း မစပ်ခြင်းနဲ့ မဆိုင်ပါဘူး။ အနီရောင်ဖြစ်ဖြစ် အစိမ်းရောင်ဖြစ်ဖြစ် စပ်တာက အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားသေးတဲ့ ငရုတ်သီးက ပိုပြီးစပ်တယ်လို့ သိရပါတယ်။
(၂) ထောပတ်သီး
ထောပတ်သီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အပြင် အသားအရေ ထိန်းသိမ်းတဲ့ နေရာမှာလည်း အသုံးဝင်ကြောင်းကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒါပေမယ့် ထောပတ်သီးဟာ မှည့်လွယ် ပုပ်လွယ်တဲ့ အသီးတမျိုးဖြစ်တယ်လို့ သိရပါတယ်။ နောက်တချက်ကတော့ ငှက်တွေဟာ ထောပတ်သီးနဲ့ မတည့်ပါဘူး။ ထောပတ်သီးဟာ သူတို့ကို အဆိပ်ဖြစ်စေပါတယ်။
(၃) ငှက်ပျောသီး
ဘာကြောင့်လဲတော့ ဘယ်သူမှ သေချာမသိရပေမယ့် ခြင်တွေဟာ ငှက်ပျောသီး စားထားတဲ့ သူတွေကို ပိုပြီး ကိုက်တယ်လို့ သိရပါတယ်။
(၄) ရေသန့်ဘူး
ရေသန့်ဘူးတွေဟာ ပုံစံမျိုးစုံနဲ့ ဖြစ်နေပေမယ့် ရေအရင်းအမြစ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ ရေဟာ ဘယ်တော့မှ သက်တမ်း မကုန်တတ်တဲ့ အရာတခုပါ။ သတိထားရမှာက ရေသန့်ဘူးတွေမှာ ပါတဲ့ သက်တမ်းကုန်ဆုံးရက်ပဲ ဖြစ်ပါတယ်။ ရေသန့်ဘူးတွေမှာ ရေးထားတဲ့ သက်တမ်းကုန်ဆုံးရက်ဟာ ရေဘူးအခွံရဲ့ သက်တမ်းကုန်ဆုံးခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
(၅) ကော်ဖီ
ကော်ဖီစေ့ဟာ တကယ်တော့ အစေ့ မဟုတ်ပါဘူး။ ကော်ဖီဟာ ဘယ်ရီ မိသားစုဝင် ဖြစ်တယ်လို့ သိရပါတယ်။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကော်ဖီပင်က ဘယ်ရီသီးလို့ ခေါ်ဆိုနိုင်ပါတယ်။
(၆) ပျားရည်
ပျားရည်ဟာလည်း ရေလိုပဲ သက်တမ်း မကုန်ဆုံးတတ်ဘူးလို့ သိရပါတယ်။ ၁၉၂၂ ခုနှစ်ကတည်းက ရှိနေတဲ့ ပျားရည်ကို ရှာဖွေတွေ့ရှိတဲ့ အခါမှာ ယနေ့အထိ စားလို့ရသေးတယ် ဆိုတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။
(၇) ချောကလက်
ချောကလက်ဟာ အစားအသောက် အလွန်အကျွံ စားသောက်ခြင်းကို တားဆီးပေးပါတယ်။ ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ Dark Chocolate ကို တကိုက်စာလောက် စားလိုက်ရင် အစားအရမ်း မစားဖြစ်အောင် ချောကလက်က တားနိုင်ပါတယ်။
Ref ; brightside