ကျန်းမာနုပျိုတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိနိုင်ဖို့အတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပုံမှန် ထိန်းသိမ်းပြုလုပ်ဖို့ အာဟာရ ဗေဒပညာရှင်တွေက အကြံပြုလေ့ ရှိကြပါတယ်။
ဆီကြော်မုန့်တွေနဲ့ အချိုရည်တွေကိုတော့ မကြာခဏ ဆိုသလို ရှောင်ကြဉ်ဖို့ သတိပေးတတ်တာကြောင့် လူအများစုက သိပြီးဖြစ်ကြပေမယ့် အခုဖော်ပြပေးမယ့် အစားအစာတွေဟာဆိုရင်တော့ အန္တရာယ်ရှိပြီး လူသိနည်းတဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေဖြစ်တဲ့အပြင် အာဟာရပညာရှင်တွေ ကိုယ်တိုင် လုံးဝ ရှောင်ကြဉ်ကြတဲ့ အစားအစာတွေလည်း ဖြစ်ပါတယ်။
(၁) ထမင်း
မြန်မာလူမျိုးတွေရဲ့ အဓိက အစားအစာတခုဖြစ်တဲ့ ထမင်းဟာ ကာဗိုဟိုက်ဒရိတ်ဓာတ်များစွာ ပါဝင်တာကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကို ဖြစ်စေနိုင်တယ်လို့ အာဟာရဗေဒပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်မို့လို့ ထမင်းကို နေ့စဉ် စားသုံးခြင်းအစား တပတ်မှာ ၃ ရက်ခန့် လုံးဝ မစားဘဲ တခြားသော အစားအစာတွေကို အစားထိုးစားသင့်တယ်လို့လည်း ဆိုပါတယ်။
(၂) နံနံပင်
အသုပ်တွေနဲ့ ဟင်းလျာတွေမှာ ဟင်းခတ် အမွှေးအကြိုင်အဖြစ် ထည့်သွင်းစားသုံးလေ့ ရှိကြတဲ့ နံနံပင်ဟာ အစားအသောက်တွေထဲမှာ ထည့်သွင်းပြီး မိနစ် ၃၀ အကြာမှာ နိုက်ထရိတ်အက်ဆစ် အပြင်းစားတွေကို ထုတ်လွှတ်တာကြောင့် အာဟာရ ပညာရှင်တွေအနေနဲ့ လုံးဝ ရှောင်ကြဉ်တဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။
(၃) ထောပတ်သီး
၃.၅ အောင်စ အလေးချိန်ရှိတဲ့ ထောပတ်သီးတလုံးမှာ ၂၄၅ ကယ်လိုရီခန့် ပါဝင်တာကြောင့် မကြာခဏ ဆိုသလို မစားသုံးသင့်ပါဘူး။ ထောပတ်သီးများများ စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက သွေးနီဥ ဆဲလ်တွေကို ကျဆင်းစေနိုင်ပြီး ကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) အချိန်ကြာကြာ ချက်ပြုတ်ထားတဲ့ ငါး
ငါးမှာပါဝင်တဲ့ Omega3 fatty acid ဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေတာ မှန်ပေမယ့် ကြော်ထားတဲ့ ငါး၊ ငါးကင်နဲ့ ငါးဆားနယ်တို့လိုမျိုး ငါးကို ပြုလုပ်စီမံထားခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေနိုင်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။
(၅) အသီးအနှံခြောက်များ
ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက်တော့ အသီးအနှံခြောက်တွေဟာ ရေပန်းအစားဆုံးနဲ့ အစားအများဆုံး အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အသီးအနှံခြောက်တွေကို ထုတ်လုပ်ရောင်းချတဲ့အခါ သဘာဝအတိုင်း အခြောက်ခံပြုလုပ်တဲ့ နည်းလမ်းတွေအစား အာလူးကြော်နဲ့ သရေစာအကြော်အလှော်တွေ ပြုလုပ်သလို ဆီနဲ့ ကြော်လှော်ပြီးမှ အခြောက်ခံတဲ့ နည်းစနစ်ကို အသုံးပြုလာတာကြောင့် ဆင်ခြင်စားသုံးသင့်ပါတယ်။
Ref : brightside.me