အမျိုးသားနဲ့ အမျိုးသမီးတွေ အိမ်ထောင်ရက်သားကျ လက်ထပ်ပြီး ကလေးမွေးဖွားပြီးတဲ့အချိန်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုယ်အလေးချိန်ပိုမိုမြင့်တက်လာတယ်လို့ တော်တော်များများက ထင်မှတ်ထားကြတာပါ။
လက်ထပ်ပြီးချိန်မှာ အမျိုးသမီးတွေ အသုံးပြုရတဲ့ သန္ဓေတားဆေးတွေ၊ ကိုယ်ဝန်ဆောင်ချိန် ဂရုစိုက်ရတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ကလေးမွေးဖွားပြီးချိန်မှာ ကလေးငယ်ကို စောင့်ရှောက်မှုပြုလုပ်နေရတဲ့ အခြေအနေတွေ ကြောင့် အမျိုးသမီးတွေဟာ ဝလာတတ်ကြတာလည်း ဖြစ်ပါတယ်။
အခုနောက်ဆုံး လေ့လာတွေ့ရှိချက်အရ ဆိုရင်တော့ အမျိုးသမီးတွေလိုပဲ အမျိုးသားတွေဟာဆိုရင်လည်း ကလေးအဖေ ဖြစ်သွားချိန်မှာ ပုံမှန်ထက်ပိုပြီး ကိုယ်အလေးချိန်တက်လာတယ်၊ တက်နိုင်ခြေများလာတယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။
ဒီလေ့လာမှုအတွက် Northwester University က Dr.Craig F ဟာ ဆယ်ကျော်သက်အရွယ် အမျိုးသားပေါင်း ၁၀၀၀ ကျော်ကို လက်မထပ်ခင်အခြေအနေ၊ လက်ထပ်ပြီးနဲ့ ကလေးအဖေဖြစ်သွားချိန် ပြောင်းလဲလာမှု အဆင့်ဆင့်ကို လေ့လာမှုစစ်တမ်းတွေ ကောက်ယူခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာမှုစစ်တမ်းအရ အမျိုးသားတွေဟာ ဖခင်ဖြစ်သွားချိန်မှာ အရင်ကထက်ပိုပြီး ကိုယ်အလေးချိန် တက်လာတယ် ဆိုတဲ့ အခြေအနေတခုကို လေ့လာတွေ့ရှိခဲ့ရပြီး လက်မထပ်ခင်အချိန်ကထက် ပိုမိုဝိတ်တက်လာကြောင်းကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး Dr.Craig F က “ အမျိုးသမီးတွေမှ မဟုတ်ပါဘူး၊ အမျိုးသားတွေလည်းပဲ ဖခင်ဖြစ်သွားပြီးချိန်မှာ အရင်ကထက် ကိုယ်အလေးချိန်ပိုမိုမြင့်တက်လာကြတာပါပဲ။ ဒါကလည်း နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲသွားတာ နဲ့ဆိုင်ပြီး ကလေးအတွက် အချိန်ပေးရတဲ့ အပိုင်းတွေ ပါလာတာကြောင့်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်နေသူဆိုရင်တောင် ကလေးရှိလာတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာ၊ ကလေးစားတဲ့ snackတွေ၊ မုန့်အချိုတွေကိုပါ လိုက်စား မိတာ စတာတွေကလည်း ဝိတ်တက်လာစေနိုင်တဲ့ အလေ့အကျင့်တွေ ဖြစ်လာတာကြောင့်ပါ” လို့ ဆိုပါတယ်။
Ref. brightside.me
You may also like these stories:
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာ
အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်