လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောသန့်စင်တာ၊ ရေနဲ့ဆပ်ပြာ အလွယ်တကူရှိမနေချိန်မျိုးတွေမှာလည်း Hand Sanitizer ကိုအသုံးပြုပြီးဆေးကြောတာမျိုးတွေဟာ လတ်တလောမှာ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပြင် တခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။ လက်ဆေးခြင်းအားဖြင့် ကြိုတင်ကာကွယ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အောက်ပါအတိုင်းပါ။
(၁) COVID-19
ကမ္ဘာ့ကပ်ရောဂါအဖြစ်တောင် ကြေညာလိုက်ရတဲ့အထိ ကူးစက်ပြန့်ပွားနှုန်း မြန်ဆန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဆိုရင်လည်း လက်မကြာခဏဆေးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ ဆေးပညာရှင်တွေက သတိပေးအကြံပြုထားတာပါ။ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လက်ကိုမကြာခဏ စင်ကြယ်စွာ ဆေးကြောခြင်းဟာ ရောဂါကူးစက်မှုနှုန်းကို ၂၄ ရာခိုင်နှုန်းကနေ ၆၉ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
(၂) ဝမ်းပျက်ဝမ်းလျှောရောဂါ
မသန့်ရှင်းတဲ့လက်နဲ့ အစားအစာတွေကို ကိုင်တွယ်စားသောက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်ပြီး လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်တာဟာ တွဲဖက်မစားသင့်တာတွေ စားမိတဲ့အခါမျိုးနဲ့ မသန့်ရှင်းတဲ့ အပြင်စာတွေ စားမိတဲ့အခါ ဖြစ်နိုင်သလို လက်ကို စင်ကြယ်စွာ မဆေးကြောဘဲ အစာစားတဲ့အခါမျိုးမှာ ဖြစ်စေနိုင်တာပါ။
(၄) အရေပြားကျန်းမာရေးပြဿနာများ
အရေပြား ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အရေပြားယားယံနီမြန်း ရောင်ရမ်းတာ၊ မျက်စိနာတာ၊ အဖုအပိန့်တွေပေါက်တာ စတာတွေကိုလည်း လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.cdc.com
You may also like these stories:
Gym ကစားခြင်းကနေလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း အတည်ပြု
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ အကျဉ်းသားများကို လွှတ်ပေး
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု ကာလမှာ ပြန်ကြည်လင်လာတဲ့ ဗင်းနစ်မြို့မှ ရေများ