၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက ဂျပန်နိုင်ငံ၊ နာမည်ကျော်သတင်းဌာန NHK မှာ တာဝန်ထမ်းဆောင်သူ အသက် ၃၁နှစ်ရှိ Miwa Sado ဟာ တလအတွင်း အလုပ်ချိန်အပြင် အချိန် ၁၅၉ နာရီထိအောင် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း နှလုံးထိခိုက်မှုနဲ့ အတူ သေဆုံးသွားခဲ့ပါတယ်။
The Guardianရဲ့ဖော်ပြချက်မှာဆိုရင် သူမဟာ တလအတွင်း အလုပ်နားရက် ၂ ရက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရအနေနဲ့ အဆိုပါ ဖြစ်စဉ်နဲ့အတူ နှစ်ပေါင်းများစွာကြာအောင် အလုပ်ခွင်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အချိန်ပိုဆင်းရမှု၊ အလုပ်ဖိစီးမှု ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး ပြင်ဆင်မှုအစီအစဉ်တွေ လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။
၂၀၁၆ခုနှစ် အစောပိုင်းကပဲ ဂျပန်ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအာဘေးက Work Style Refrom ဆိုတဲ့အစီအစဉ်တခုကို ချပြခဲ့ တာ တွေ့ရပြီး ဂျပန်အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြင်ပချိန် (အားလပ်ချိန်) ပိုမို ရရှိဖို့အစီအစဉ်ပုံစံအနေနဲ့ ချပြခဲ့တာ တွေ့ရပါသေးတယ်။
ဒီလို အစိုးရတာဝန်ရှိသူတွေအနေနဲ့ပါ ပါဝင်ဆောင်ရွက်လာမှုနဲ့အတူ အချို့သော ပုဂ္ဂလိကလုပ်ငန်းတွေကလည်း အလုပ်ချိန် ပြင်ဆင်မှုနဲ့ ဝန်ထမ်းတွေကို အားလပ်ချိန် ပိုရအောင် ချိန်ညှိပေးမှုတွေ လုပ်ဆောင်ခဲ့ကြတာလည်း တွေ့ရပါတယ်။
ဂျပန်အခြေစိုက် ကြော်ငြာအေဂျင်စီတခု ဖြစ်တဲ့ Dentsu ကလည်း ဝန်ထမ်းတယောက်အနေနဲ့ အနည်းဆုံး ၆ လမှာ အား လပ်ရက်၊ ရုံးပိတ်ရက် မဟုတ်တဲ့ အပန်းဖြေအားလပ်ရက်တခုတည်းတင် အနည်းဆုံး ၅ ရက် ပေးလာတာ တွေ့ရသလို အ ဆိုပါရက်အတွင်း အလုပ်ကို လုံး၀ မေ့ထားပြီး အပန်းဖြေဖို့ သင့်တယ်လို့ အကြံပေးထားတာလည်း တွေ့ရပါတယ်။
နောက်ပြီး အိပ်ချိန်ကိုလည်း မှန်ကန်စေဖို့နဲ့ အိပ်ရေး၀၀ အိပ်စက်နိုင်ဖို့အတွက်လည်း ဝန်ထမ်းတွေဟာ ည ၁၀ နာရီတိုင်းမှာ မီးပိတ်ပြီး အိပ်ဖို့ သူ့ဝန်ထမ်းတွေကို ပြောထားပါတယ်။
ဒီလို အားလပ်ရက်နဲ့ အိပ်ချိန်သတ်မှတ်ပေးမှုကလည်း Dentsuရဲ့ဝန်ထမ်းတဦး သတ်သေမှုကြောင့်ပါ။
၂၀၁၅ခုနှစ် ခရစ်စမတ်ပိတ်ရက်ကာလအတွင်း Dentsuရဲ့အသက် ၂၄ နှစ်အရွယ်ဝန်ထမ်းဖြစ်သူ Matsuri Takahashiရဲ့ သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပါတယ်။ သူကလည်း တလအတွင်း အချိန်ပို အလုပ်ချိန် ၁၀၅ နာရီ ထမ်းဆောင်ပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေသွားခဲ့တာပါ။
Takahashiရဲ့သေကြောင်းကြံစည်မှုကို အဆိုပါ ကုမ္ပဏီက သတင်းပြန့်မှုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့ Twitter အ ကောင့်မှာ သေကြောင်းကြံစည်မှု မဖြစ်ခင် မနက် ၄ နာရီမှာ It’s 4 a.m. My body’s trembling (မနက် ၄နာရီရှိနေပြီ၊ ကျမ တကိုယ်လုံး တုန်ရီမောပန်းနေတယ်)လို့ ရေးသားတင်ပြထားမှုနဲ့အတူ နောက်ထပ် I’m Going to die. I’m so tired (ကျမသေချင်နေပြီ၊ အလုပ်က အရမ်းပင်ပန်းတယ်)လို့ ရေးသားပြီးမှ သေကြောင်းကြံစည်ခဲ့တာမို့ အလုပ်ဖိစီးမှုကြောင့် သတ် သေခဲ့တယ်ဆိုတာ သိသာစေခဲ့ပါတယ်။
ဒီလို Dentsuရဲ့ဝန်ထမ်းအလုပ်ကြောင့် သေကြောင်းကြံစည်မှုနဲ့အတူ ၂၀၁၆ခုနှစ် မတ်လမှာပဲ ကုမ္ပဏီရဲ့ဥက္ကဌရော CEO ပါ ဖြစ်သူ Tadashi Ishiiက တာဝန်ကနေ နုတ်ထွက်သွားတာ တွေ့ရပါတယ်။
ဒီလိုနဲ့ အခြားကုမ္ပဏီတွေလည်း လက်ရှိဂျပန်မှာ အလုပ်ချိန် ဖြေလျော့မှုတွေ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဝန်ကြီး ချုပ်အာဘေးရဲ့အစီအစဉ်ကတော့ ဝန်ထမ်းတွေအတွက်တင် မဟုတ်ဘဲ ဂျပန်ပြည်သူတွေအတွက် အခြေခံကျန်းမာရေး ကောင်းမွန်မှုအတွက်ပါ ရည်ရွယ်ပြီးတော့ အလုပ်ချိန်ထက် အချိန်ပို မြင့်မားမှုကို လျော့ချလုပ်ဆောင်စေဖို့ ရည်ရွယ်စီစဉ်လုပ် ကိုင်နေစေတာလည်း တွေ့ရပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အလုပ်ချိန်ဆိုင်ရာစစ်တမ်းတွေအရ ဂျပန်အလုပ်သမားပေါင်း ၁၀၀၀၀လောက်ကို လေ့လာမှုလုပ်ခဲ့ပြီး သူ တို့က အနည်းဆုံး တလကို အချိန်ပို နာရီ ၈၀ လောက်ထိအောင် လုပ်ထားရတာ တွေ့လာရပါတယ်။
ဒါဟာ ဝန်ထမ်းတဦးရဲ့အလုပ်ချိန်ထက် ၂၀ရာခိုင်နှုန်းလောက် တလကို အလုပ်ပိုလုပ်နေရတာ ဖြစ်ပြီး အမေရိကန်မှာဆိုရင် ပျမ်းမျှ တလကို ၄၉ နာရီလောက်ပဲ လုပ်ကြရပြီး ပျမ်းမျှအလုပ်ချိန်ထက် အချိန်ပိုဆင်းရမှု ၁၆.၄ရာခိုင်နှုန်းလောက်ပဲ ရှိနေ တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်တမ်းမှာ အချိန်ပိုဆင်းရမှုနဲ့အတူ အလုပ်ချိန်များမှု၊ တာဝန်များမှုတွေကြောင့် သေဆုံးသူဝန်ထမ်းတွေထဲမှာ အချို့ က သေကြောင်းကြံစည်မှု၊ နှလုံးအားနည်းမှုရောဂါကြောင့် သေဆုံးရမှု၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေ အများဆုံးဖြစ်နေရ တယ်လို့ ဆိုပါတယ်။
အခုတော့ ဂျပန်က အခြား ကုမ္ပဏီတချို့လည်း အားလပ်ချိန်ပေးမှုတွေ၊ စိတ်အပန်းပြေမှုတွေအတွက် အချိန်တွေ ပေးလာမှု တွေ ရှိလာနေတာ တွေ့ရပေမယ့် အများစုသော ဂျပန်ဝန်ထမ်းတွေကတော့ တနေ့တာ သူတို့ရဲ့အချိန်တွေဟာ အလုပ်တခုကိုပဲ သိလိုက်ပြီး အခြား စိတ်ဝင်စားမှု တစုံတရာ မရှိလိုက်ဘဲ ကျော်လွန် ကုန်ဆုံးသွားနေရတယ်လို့ တိုကျိုအခြေစိုက် သူနာပြုအ ဖွဲ့အစည်းတခုဖြစ်တဲ့ Saint-Worksရဲ့လေ့လာချက်တွေအရ ဆိုပါတယ်။
South China Morning Post သတင်းစာကလည်း ၂၀၁၂ခုနှစ်ကတည်းက ဂျပန်တွေရဲ့အလုပ်ချိန်ဟာ နေ့တဝက် (၁၂နာ ရီ) လောက်ထိအောင် ရှိနေတယ်လို့ ဖော်ပြဖူးတာ တွေ့ရပါတယ်။
အဆိုပါ ဖော်ပြဆောင်းပါးမှာပဲ အလုပ်ချိန် တိုးတက်နှုန်းကလည်း တနှစ်ထက် တနှစ်မြင့်တက်လာတယ်လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဂျပန်တွေ စီးပွားရေး အောင်မြင်တယ်၊ ချမ်းသာတယ်၊ မှန်ပေမယ့် တဖက်က ဝန်ထမ်းတွေရဲ့ဘဝအချိန် တွေက အလုပ်ထဲမှာ ကုန်ဆုံး၊ ဖိစီးမှုတွေ များလာတဲ့ရလဒ်အနေအထားမှာ အလုပ်ချိန်ကို ဟန်ချက်ညီအောင် ခိုင်းစေလည်ပတ်ဖို့ တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။
www.businessinsider.com