မတ်လ ကုန်ခါနီးကို ရောက်လာတဲ့ အခါ ရာသီဥတုက သိသိသာသာကို ပူလာပါတယ်။ နွေရဲ့ နေပူတဲ့ ဒဏ်ကိုခံဖို့ လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ အပူထဲက ပြန်လာတဲ့အခါ ချက်ချင်း ရေမချိုးဖို့၊ ရေခဲရေ မသောက်ဖို့ ဆိုတာတွေက လူတိုင်းသိတဲ့ အခြေခံ စည်းမျဉ်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပူပြင်းလွန်းတဲ့ နွေရာသီကို ဖြတ်သန်းရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေဓာတ် လုံလောက်အောင် နေပါ
နေပြင်းတဲ့ အချိန်တွေမှာ ချွေးထွက်များတာကြောင့် ရေဓာတ် ကုန်ခမ်းလွယ်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံး အချက်က ရေများများသောက်ဖို့ပါပဲ။ ဒါ့အပြင် ရေကူးကန် သွားခြင်း၊ ကမ်းခြေသွားခြင်းနဲ့ ရေနဲ့ ဆိုင်တဲ့ အားကစားတွေ ပြုလုပ်ခြင်းဖြင့်လည်း အပူဒဏ်ကို ရှောင်နိုင်ပါတယ်။
(၂) အသီးအနှံ များများစားပါ
နွေရာသီမှာ အရည်ရွှမ်းတဲ့ ရာသီပေါ် သီးနှံတွေကို များများစားဖို့ လိုအပ်ပါတယ်။ အသားစားသောက်ခြင်းကို လျော့ချပေးပြီး Antioxidant ပါဝင်မှုများတဲ့ အသီးတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် အခွံမာသီးတွေကိုလည်း စားနိုင်ပါတယ်။
(၃) ခရီးထွက်ပါ
ခရီးတိုဖြစ်ဖြစ် ခရီးရှည်ဖြစ်ဖြစ် သွားပါ။ ရာသီဥတု မျှတမယ့် နေရာမျိုးကို ရွေးချယ်သွားသင့်ပြီး သွားတဲ့ အခါမှာလည်း သက်သောင့်သက်သာ ဖြစ်စေမယ့် ချည်ထည်တွေသာ ဝတ်ဆင်သင့်ပါတယ်။ နေရောင်ကာ ခရင်မ်ကို မမေ့မလျော့ လိမ်းဖို့ လိုအပ်တဲ့ အပြင် ဦးထုတ်၊ ထီး စတာတွေနဲ့ မျက်နှာကို အကာအကွယ်ပြုသင့်ပါတယ်။
(၄) အခြားဘာတွေ လုပ်သင့်သလဲ
နွေရာသီမှာ အခြားလုပ်သင့်တဲ့ အရာတွေကတော့ အေးတဲ့နေရာမှာ နေပါ။ ဖျော်ရည် နဲ့ ရေတွေကို များများသောက်သင့်ပြီး အရက်၊ဘီယာ သောက်ခြင်းကိုတောင် ရှောင်သင့်ပါတယ်။ ရေများများသောက်ပေးဖို့ လိုအပ်ပြီး ရေဆာမှ ထသောက်တတ်တဲ့ အကျင့်ကို ရှောင်ပါ။
အပြင်သွားစရာ ကိစ္စရှိတယ်ဆိုရင် မနက် ၁၀ နာရီ ကနေ နေ့ခင်း ၃ နာရီအတွင်း တတ်နိုင်သလောက် ရှောင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သွားရမယ် ဆိုရင်လည်း အရောင်ဖျော့တဲ့ အဝတ်တွေကို ဝတ်သင့်ပြီး နေရောင်ကာခရင်မ်နဲ့ နေကာမျက်မှန်တွေ တပ်သင့်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။
Ref; mommaramblings