၂၀၂၀ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်မယ့် အရာများ
မကြာခင်မှာ သက္ကရာဇ် ၂၀၂၀ ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က ကမ္ဘာကြီးဟာ ဒုက္ခတွေ အများကြီးနဲ့ နေရာဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စက်မှုဖွံ့ဖြိုးပြီး နေချင်စရာ နေရာတခု ဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်မှာ မြန်မာနိုင်ငံလည်း လွတ်လပ်ရေး မရသေးပါဘူး။ ၁၉၂၀ ခုနှစ်မှာ စတင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ ကုန်ပစ္စည်းတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) အဝါရောင် တက္ကစီကားများ
အမေရိကန်နိုင်ငံမှာ နေ့စဉ်ပြေးဆွဲနေတဲ့ အဝါရောင် တက္ကစီကားပုံစံကို John D. Hertz လို့ ခေါ်တဲ့ အမျိုးသားက ၁၉၀၇ ခုနှစ်မှာ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ခဲ့ပေမယ့် အဲဒီကားတွေဟာ ၁၉၂၀ ခုနှစ်ရောက်မှ စတင်ပြီး ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ်မှာဆိုရင် အမေရိကန်နိုင်ငံက မြို့တွေ အတွင်း ခရီးသွားတွေ သွားလာရေး လွယ်ကူခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်ပြီ ဖြစ်ပါတယ်။
(၂) NFL (The National Football League)
အမေရိကန်နိုင်ငံရဲ့ တရားဝင် အမျိုးသားအားကစားပြိုင်ပွဲဖြစ်
(၃) အနာကပ်ပလာစတာ
၁၉၂၀ မတိုင်ခင်မှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ရင် လွယ်လင့်တကူ သွေးတိတ်သွားအောင်နဲ့ အနာသက်သာအောင် ကပ်တဲ့ ပလာစတာတွေ မရှိသေးပါဘူး။ Earle Dickson လို့ အမည်ရတဲ့ ဂွမ်းကုန်သည်တဦးဟာ သူ့ရဲ့ လက်ထပ်ပြီးခါစ ဇနီးမီးဖိုချောင်အတွင်း လက်ကို ဓားထိချိန်မှာ သုံးဖို့ ဂွမ်းအပေါ်မှာ ဆေးနဲ့ အစကို ပေါင်းပြီး ပြုလုပ်ပေးရင်းက အနာကပ် ပလာစတာတွေ စတင်ပေါ်ထွက်လာခဲ့ပါတယ်။
(၄) အမျိုးသမီးများ မဲပေးနိုင်ရေး ဘုတ်အဖွဲ့
အမေရိကန်နိုင်ငံမှာ အမျိုးသမီးတွေဟာ ၁၉၁၉ ခုနှစ်မှာ စတင်ပြီး မဲပေးခွင့်ရခဲ့ပါတယ်။ မဲပေးခွင့်ရပြီးနောက်တနှစ်မှာတေ
(၅) မီးပွိုင့်
၁၉၂၀ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ ယာဉ်မြို့တော်လို့ တင်စားရမယ့် ဒီထရိုက်မြို့မှာ ကမ္ဘာ့ပထမဆုံး စိမ်း-ဝါ-နီ မီးပွိုင့် စနစ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ William Potts လို့ အမည်ရတဲ့ ရဲအရာရှိတဦးက အနီရောင်၊ အစိမ်းရောင်နဲ့ ပယင်းရောင်တို့ ပါဝင်တဲ့ ဝါယာကြိုးတပ် မီးပွိုင့်ကို မီချီဂန်ရိပ်သာလမ်းနဲ့ ဝုဒ်ဝက်ဒ် လမ်းအနီးတဝိုက်မှာ တပ်ဆင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. RD