ကရင်ပြည်နယ် ဘားအံမြို့ရှိ မိဂသီ ရိုးရာလက်ဝှေ့ သင်တန်းကျောင်းသည် အရည်အချင်း ပြည့်ဝသော လက်ဝှေ့သမား များ မွေးထုတ်ပေးလျက် ရှိသည်။ သင်တန်းသား အများစုမှာ ကရင်ပြည်နယ် ဒေသအသီးသီးမှ ဖြစ်ပြီး၊ ဧရာဝတီတိုင်း နှင့် မွန်ပြည်နယ်တို့မှ သင်တန်းသားများလည်း ပါဝင်သည်။ ယင်း သင်တန်းကျောင်းက စနစ်တကျ လေ့ကျင့်သင်ကြား ပေးနေပြီး ရိုးရာ လက်ဝှေ့ပြိုင်ပွဲများစွာ တွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ မိဂသီ ရိုးရာ လက်ဝှေ့ သင်တန်းနှင့် သင်တန်းသားများ အကြောင်းကို ဧရာဝတီဓာတ်ပုံသတင်းထောက် Timo Jaworr က မှတ်တမ်းတင်ထားသည်။
(The Irrawaddy Weekly Journal, Vol.2, No.14 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)