၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတပါး ဖြစ်သည့် အရှင် ဂမ္ဘီရသည် ယနေ့ နံနက် ၂ နာရီခန့်က ခေတ္တ သတင်းသုံးနေသည့် သင်္ကန်းကျွန်းမြို့နယ် လယ်တီ ဝိပဿနာ ဘုန်းတော်ကြီးကျောင်းမှ တိုင်းရဲ အဖွဲ့ကလာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရသည်။ ထိုသို့ ခေါ်ဆောင်စဉ်က ဖမ်းဆီးခြင်း မဟုတ်ဟု ပြောဆိုခဲ့ ကြောင်းလည်း သိရသည်။ နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က ဆုံးမသြဝါဒပေးရန် ၃ ကြိမ်တိုင် အရှင် ဂမ္ဘီရကို ဆင့်ခေါ်ခဲ့ သော်လည်း လာရောက် ခြင်း မရှိ၍ ယခုကဲ့သို့ ရဲက ခေါ်ယူကာ မဟန ဆရာတော်ကြီးများထံ ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း နီးစပ်သည့် ရဟန်းတပါးက မိန့်ကြားသည်။ ဆုံးမသြဝါဒ ပေးပြီးပါက ပြန်လည် လွှတ်ပေးမည်ဟု သိရကြောင်းလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။