ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒေသတွင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းကြောင်းများ အားလုံး ပိတ်ထားပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ပြေးဆွဲနေသည့် ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များ အားလုံးနီးပါးကို ယမန်နေ့က စတင်၍ ရပ်တန့်ထားခြင်းဖြစ်
ကြောင်း၊ သို့သော် မည်သည့်အတွက် ပိတ်ထားသည် ဆိုကြောင်းကို ပြည်သူများထံ အသိပေးမှု မရှိသေးကြောင်း ရခိုင်ဒေသခံ များက ပြောသည်။
ကျောက်ဖြူ – တောင်ကုတ်၊ တောင်ကုတ် – ရမ်းဗြဲ – ကျောက်နီမော်၊ တောင်ကုတ် – သံတွဲ စသည့် လမ်းကြောင်းများနှင့် ကျောက်ဖြူ – ရန်ကုန် မော်တော်ကား လမ်းကြောင်းကိုပါ ပိတ်ထားပြီး မည်သည့် အချိန်အထိ ပိတ်ထားမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။
“တောင်ကုတ်မြို့ကနေ ရခိုင်ပြည်တွင်း ဆွဲနေတဲ့ ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်၊ ရုတ်တရက် ပိတ်လိုက်တော့ ကုန်ပစ္စည်းတွေ အရောင်းအဝယ် မလုပ်ရတော့ဘူး၊ လုံခြုံရေး တော့ ပုံမှန်ပါပဲ” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီး တဦးက ပြော သည်။
ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များ၌ ညမထွက်ရ အမိန့်များ ထုတ်ပြန်ထား သကဲ့သို့ အရေးပေါ် အခြေအနေ တရပ်ကို သမ္မတ ဦးသိန်းစိန်က ယမန်နေ့တွင် ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ နှင့် လုံလောက်ခြင်း မရှိသဖြင့် တပ်မတော်၏ အကူအညီကို ယူရမည်၊ ထိုထုတ်ပြန်ချက်သည် နောက်ထပ် ထုတ်ပြန်ခြင်း မရှိသေး သရွေ့ အတည်ဖြစ်စေရမည်ဟု သမ္မတက ကြေညာထားသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အတွက် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ ညအိပ်နိုင်ပြီ ဖြစ်ကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကိုမူ အချိန်ဆွဲ ကန့်သတ် မထားစေလိုကြောင်း ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
“ညမထွက်ရ အမိန့်ကြောင့် စိတ်ချ လက်ချ အိပ်နိုင်ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဆက်သွယ်ရေး လမ်းကြောင်းတွေ အကြာကြီး ပိတ်ထားမယ်ဆိုရင် ကိုယ့်ဒေသခံ တိုင်းရင်းသားလူမျိုးတွေ စားဝတ်နေရေး ကြပ်တည်း ခက်ခဲသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မှ ရခိုင်ပြည်နယ်၏ နေရာဒေသ အသီးသီးသို့ ပြေးဆွဲနေသည့် မော်တော်ယဉ်လိုင်း အသီးသီးတို့ကို ၅ ရက်မှ သီတင်း ပတ် တပတ်ခန့်အထိ ပိတ်ထားမည်ဟု သိရသည်။ ရန်ကုန် – ရခိုင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားသည့် အပြင် ရခိုင်ဒေသတွင်း တနေရာမှ တနေရာသို့ ခရီးသွားလာမှု လမ်းကြောင်းများ အားလုံးကိုလည်း ပိတ်ထားသည်။
ရန်ကုန် မှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့များအကြား ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်ပစ္စည်း တင်ဆောင်သည့် ယာဉ်များ နေ့စဉ် ပြေးဆွဲလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ရခိုင်ဒေသ၌
ကုန်ဈေးနှှုန်း ကြီးမြင့်လာမည်ကို စိုးရိမ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။
ရခိုင်ဒေသ တခုလုံးအား ညမထွက်ရအမိန့်နှင့် အရေးပေါ် အခြေအနေများ ထုတ်ပြန်ထားသော်လည်း မောင်တော၊ စစ်တွေ မြို့တို့တွင် နေအိမ်တချို့ မီးရှှို့ခံရခြင်းနှင့် ဆူပူလှှုပ်ရှားမှုများ ယနေ့အထိ ဖြစ်ပေါ်နေသည်။
မောင်တောမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် လုံခြုံ ရေး တင်းကျပ်ထားကြောင်း သိရသည်။
လက်နက်ကိုင် အကြမ်းဖက် အုပ်စုတစုသည် လက်နက်များနှင့် အတူ မြန်မာနိုင်ငံ ဘက်သို့ ဝင်ရောက် လာနေကြသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြေုနိုင် သေးပေ။