• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးရှိ ထိုင်း ဘုရင့်ဂူကို စစ်ဆေးမည်

by သန်းထိုက်ဦး
12 October 2012
in သတင်း
A A
မန္တလေးရှိ ထိုင်း ဘုရင့်ဂူကို စစ်ဆေးမည်

သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ (ဓာတ်ပုံ – ဧရာဝတီ)

13.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ အမရပူရ တောင်သမန် အင်း အနီး လင်းဇင်းကုန်း သုသာန်ရှိ အုတ်ဂူသည် သဖန်းပွင့် မင်းသား ဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွား ဒေါက် မဒူဝါး(ခေါ်) ဥတွန်ပုံ ၏ အုတ်ဂူ ဟုတ် မဟုတ်ကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးမှု ပြုလုပ်မည်ဟု သိရသည်။

ယင်း အုတ်ဂူကို စစ်ဆေးမှု ပြုလုပ်ရန် မန္တလေးမြို့တော်ဝန်ကလည်း ခွင့်ပြုထားသည်ဟု ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Mr. Somchai Seanglaiက ပြောကြားကြောင်း ထိုင်းဘာသာနှင့် ရေးသားထားသည့် Matichon အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
9
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
560
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
81

“မြန်မာ အစိုးရကလည်း အဲဒီနေရာကို ပြုပြင်ဖို့ လုပ်နေတယ်ဆိုပြီး ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းရပြီးတော့ မန္တလေးမြို့တော်ဝန်ကို အကြောင်းကြားတယ်၊ မန္တလေးမြို့တော်ဝန်ကလည်း အမြန်ဆုံး လာရောက်စစ်ဆေးဖို့ အကြောင်း ပြန်ကြား ထားတယ်”ဟု Mr. Somchai က ပြောဆိုသည်။

ကျောက်ဘွား ဒေါက် မဒူဝါး(ခေါ်) ဥတွန်ပုံ(Uhtumphon) ထိုင်း ဘုရင်၏ အုတ်ဂူ ဟုတ်မဟုတ် ထိုင်းနိုင်ငံမှ သမိုင်းပညာရှင်များကို ဖိတ်ခေါ်၍ စုံစမ်းစစ်ဆေးမည့် အဖွဲ့တခု ဖွဲ့ရန် လတ်တလော စီစဉ်ထားပြီး ထိုင်းနိုင်ငံ အနေနှင့် သမိုင်းအရ အရေးကြီးသည့် ကိစ္စတခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် သွားရောက်မည့် နေ့ရက်ကိုဖော်ပြထားခြင်း မရှိပေ။

လက်ရှိတွင် မန္တလေး အာဏာပိုင်များက အဆိုပါ ထိုင်းဘုရင့် အုတ်ဂူ အပါအဝင် အဓိက သမိုင်းဝင် ပုဂ္ဂိုလ်များ မြှုပ်နှံထား သည့် လင်းဇင်းကုန်း သုသာန်ကို ဖျက်ဆီး၍ မြေကွက်ရိုက်ရန် စီစဉ်နေကြောင်း သိရသည်။

မန္တလေး ဒေသခံများကမူ မြန်မာပြည်သို့ ရောက်ရှိလာသည့် ထိုင်း ခရီးသွားများအနေနှင့် ယင်းအုတ်ဂူကို ဆီမီး၊ အမွှေးတိုင်များဖြင့် လာကန်တော့ကြသည် ဟု ပြောဆိုသည်။

ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး (ခေါ်) ဥတွန်ပုံကို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့ သွားရောက် စစ်ပြုရာမှ သုံ့ပန်းအဖြစ် ဘုန်းကြီးဝတ်နှင့် အင်းဝသို့ ခေါ်ဆောင်လာပြီး ဘိုးတော်ဘုရား လက်ထက်၌ နတ်ရွာစံသွားခဲ့ ကြောင်း မြန်မာ့သမိုင်း မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

ကုန်းဘောင်ခေတ် မြန်မာ ဘုရင်များ လက်ထက်က အင်းဝ၊ အမရပူရ နှင့် မန္တလေးအနီးတွင် နေထိုင်ကြသည့် မွတ်စလင်(ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများ ကွယ်လွန်လျှင် မြှုပ်နှံရန် အတွက် လင်းဇင်း သုသာန်တွင် လူမျိုး၊ ဘာ သာ အလိုက် နေရာများ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ သမိုင်း၌ အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် ပဂ္ဂိုလ်ကြီးများ မြှုပ်နှံရာ ရန်ကုန်မြို့ရှိ သမိုင်းဝင် ကြံတော သင်္ချိုင်းကို ၁၉၉၇ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ဖြိုဖျက်၍ ကားပွဲစားတန်း ပြုလုပ်ခဲ့ သေး သည်။

ရှေးကျသည့် သမိုင်းဝင် လင်းဇင်းကုန်း သုသာန်ကို ဖျက်ဆီးပစ်မည် ဆိုပါက သမိုင်းအမွေ အနှစ်အရ ဆုံးရှုံးပြီး တိုးတက်လာသည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း မန္တလေးမြို့ရှိ သမိုင်း အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်သူများက ထောက် ပြ ကြသည်။

ဆက်စပ်ဆောင်းပါး

  • ဖျက်ဆီးခံရတော့မယ့် သမိုင်းဝင် အုတ်ဂူ

 

Your Thoughts …
Tags: Thai
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

KNU ခေါင်းဆောင်များအကြား တင်းမာမှု နားလည်မှုစတင်ရရှိ

Please login to join discussion
No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate