ကူးစက်မြန် အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့ အနောက်အဖရိကနိုင်ငံတွေကနေပြန်ရောက်လာတဲ့ ကိုဇင်မင်းဦးပါ ပါ မြန်မာ ၅ ဦးကို ပြီးခဲ့တဲ့လက ဘီဘိုလာရောဂါ သံသယနဲ့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ သံသယ လူနာအဖြစ်နဲ့ စောင့်ကြပ်ကြည့်ရှုခံခဲ့ရပြီး နောက်ဆုံးစစ်ဆေးချက်တွေထွက်ပေါ်လာပြီးနောက် အီဘိုလာရောဂါ မရှိဘူးလို့သိရပါတယ်။ အီဘိုလာရောဂါ ရှိမရှိ သူတို့ရဲ့သွေးတွေကို စစ်ဆေးဖို့အတွက် ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲနမူနာမှာ ၅ ဦးလုံး ကူးစက်မြန် အီဘိုလာရောဂါပိုး လုံးဝ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သံသယနဲ့စောင့်ကြည့်ခံထားရတဲ့ ၅ ဦးလုံးလည်း ကျန်းမာရေးကောင်းမွန်ကြောင်းသိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။