Su- 24 လေယာဉ်ပစ်ချမှု ကိစ္စ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တူရကီပြော
This article has been converted from Zawgyi One to Unicode
တူရကီအနေဖြင့် တင်းမာမှုများ လျော့ချရေးအတွက် ရုရှားဗုံးကြဲလေယာဉ်အား ပစ်ချခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မယ်လို့ တူရကီဝန်ကြီးချုပ် Ahmet Davutoglu ကပြောလိုက်ပါတယ်။
“တူရကီဟာ တင်းမာမှုတွေကို လျော့ချဖို့ လုပ်မှာ ပြုလုပ်သွားမှာပါ၊ ရုရှားအနေနဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက် သမားတွေအပေါ်မှာ အာရုံထားဖို့လိုတယ်” လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားဗုံးကြဲလေယာဉ်ကို တူရကီတိုက်လေယာဉ်က ပစ်ချခဲ့ပြီးနောက်ပိုင်းမှာ အကြမ်းဖက် သမား IS တိုက်ခိုက်မှုထက် ရုရှးနဲ့ တူရကီ တင်းမာမှုက ပိုမိုကြီးလာတာကိုတွေ့ရပါတယ်။
ရုရှားသမ္မတ ပူတင်ကတော့ တူရကီရဲ့ လုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ ထိုးတဲ့ လုပ်ရပ်လို့ ပြောဆိုလိုက်ပြီး ဘယ်သူတွေဟာ IS တွေကို ဘီလျံနဲ့ ချီပြီး ဝင်ငွေရရှိအောင် တရားမဝင်ရေနံတွေကို ဝယ်ယူနေသလဲဆိုတာကို မေးခွန်း ထုတ်လိုက်ပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးကလည်း ရုရှားအနေနဲ့ သံတမန်ရေးအရရော စစ်ရေးအရပါ တုံ့ပြန်မယ်လို့ ပြောဆို လိုက်ပြီး၊ ယခုအခါမှာ တူရကီနဲ့ ဆက်ဆံနေတဲ့ စစ်ရေးဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒါအပြင် တူရကီနဲ့ ပြုလုပ်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပစ်ဖို့ ရုရှားဝန်ကြီးချုပ်က ပြောဆိုနေ ပါတယ်။