သတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ပေါက်ကွဲမှုက တပ်မတော်သားများကို ထိမှန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မိုင်တိုင်အမှတ် ၄၅ မိုင် ၇ ဖာလုံအတွင်း တပ်မတော်ကား ၄ စီး ဖြတ်သွားစဉ်တွင် မိုင်းပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းတပ်မတော်ယာဉ်တန်း မဖြတ်မီအချိန်တွင် ရခိုင်ပြည်နယ် ဝန်ကြီး ဦးညီပု လိုက်ပါလာသည့် ယာဉ်တန်းလည်း ဖြတ်သန်းသွားခဲ့သည်။

ကနဦး သတင်းများအရ ဝန်ကြီးချုပ် ဦးညီပု၏ ယာဉ်တန်းသည် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ ကျော်က အမ်းမြို့မှနေ စစ်တွေမြို့သို့ ပြန်လာစဉ် မြေပုံမြို့နယ် မိုင်တိုင်အမှတ် ( ၄၅ ) ယောချောင်း တံတားအနီးတွင် မိုင်းပေါက်ကွဲကြောင်း သိရှိရသည်။ သို့သော် အဆိုပါ မိုင်းပေါက်ကွဲမှုသည် ဝန်ကြီးချုပ် ယာဉ်တန်းနောက် ၅ မိနစ်ကျော်အကွာမှ လိုက်လာခဲ့သော တပ်မတော် ရိက္ခာတင်ကားများကို ထိခိုက်ခဲ့ကြောင်း နောက်ဆက်တွဲ သတင်းရရှိသည်။

ယင်းပေါက်ကွဲမှုကြောင့် တပ်မတော်ယာဉ် ၄ စီးအနက် တတိယကားကို ထိမှန်ပြီး တပ်မတော်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ တစ်ဦးက ဧရာဝတီကို ပြောသည်။

“ဖြစ်တာကတော့ ခန့်မှန်း ၁၀ နာရီ ၁၅ မိနှစ်လောက်မှာ ဖြစ်တာပါ။ ဝန်ကြီးချုပ် ယာဉ်တန်းမှာ မိုင်းပေါက်တာ မဟုတ်ဘူး။ ဝန်ကြီးချုပ် ကား ဖြတ်အပြီးမှာ တပ်ကား ၄ စီး လာတယ်။ အဲဒီကား ၄ စီးမှာ တတိယ ကားကို ထိတာပါ။ လူ ၄ ယောက်ကတော့ ဒဏ်ရာရတယ်” ဟု မြေပုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိ တစ်ဦးက ပြောသည်။

ဧရာဝတီမှ စုံစမ်းချက်အရ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနှစ် အချိန်ခန့်က တပ်မ ၃၃ မှ ဗိုလ်မှူး ပြည့်စုံအောင် ဦးစီးပြီး အမ်းမှနေ စစ်တွေသို့ လာရောက်စဉ် မြေပုံမြို့နယ် ရန်ကုန် – စစ်တွေ ကားလမ်း၊ သီလာကျေးရွာနှင့် တုတ်ချောင်းကျေးရွာအကြား ကားလမ်း လက်ယာဘက်ခြမ်းမှ မိုင်း ၂ လုံးကွဲခဲ့ရာ တတိယကားကို ထိမှန်ခဲ့ပြီး ၅ မိနှစ်အကြာတွင် လက်ဝဲဘက်ခြမ်းတွင် မိုင်း ၁ လုံး ထပ်ကွဲပြီး စုစုပေါင်း မိုင်း ၃ လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်သား ၄ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပြီး ကား၏ ညာဘက်ခြမ်း ကိုယ်ထည်ဘောင်တန်းအား ယမ်းစ ထိမှန်ခဲ့ကာ ညာဘက်ခြမ်း နောက်ကြည့်မှန်လည်း ကွဲသွားခဲ့ကြောင်း သိရသည်။

ယခု ဗုံးခွဲတိုက်ခိုက်မှု၏ ရည်ရွယ်ချက်နှင့် လက်သည်တရားခံ မည်သူဆိုသည်ကို မသိရှိနိုင်သေးသော်လည်း ယခုလပိုင်းများအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားလာနေသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့ အဝင် ကားလမ်းမပေါ်တွင် မိုင်း ၂ လုံးတွေ့ရှိခဲ့သည့်အတွက် ကားလမ်းကို ခေတ္တပိတ်ထားခဲ့ပြီး မိုင်းရှင်းလင်းမှု လုပ်ခဲ့ရသေးသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရန်ကုန်- စစ်တွေကားလမ်းမပေါ်တွင် ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တပ်မတော်ထောက်ပံံ့ရေး ယာဉ်တန်း ဖြတ်သွားစဉ် မိုင်း ၃ လုံး တပြိုင်တည်း ပေါက်ကွဲခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနှစ်အချိန်ခန့်ကလည်း ၎င်းမင်းပြားမြို့နယ်အတွင်း ကားလမ်းပေါ်တွင် မိုင်း ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယခု ပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဝန်ကြီးချုပ် ခရီးစဉ်တွင် မော်တော်ယာဉ် သုံးစီးလိုက်ပါလာခဲ့ပြီး သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့် ဒေသဖွံဖြိုးရေးခရီးစဉ် သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading