• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်း အသုံးစရိတ် ကျပ် ၇၇၀ ဘီလီယံ လျာထား

by သဇင်လှိုင်
11 June 2019
in သတင်း
A A
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရှင်းလင်းနေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း /  Yangon Region Government

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရှင်းလင်းနေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း / Yangon Region Government

7.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အတွက် လာမည့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၇၇၂ ဘီလီယံကျော် ရှိမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၉–၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) ကို ဇွန်လ ၁၁ ရက်နေ့တွင် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူပြီး တင်ပြခဲ့ခြင်းဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
26
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
23
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
33

ဦးမြင့်သောင်း က “အရအသုံးလျာထားချက်များဟာ တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရတဲ့ လုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရရှိလာတဲ့ ရငွေပေါ်မှာ အခြေခံပြီးတော့ အသုံးစရိတ်များကိုလည်း ဦးစားပေး အစီအစဉ်နဲ့ ရေးဆွဲပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အတည်ပြုပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဌာနဆိုင်များ၏ သာမန်အသုံးစရိတ် ၂၀၃ ဒသမ ၁၂၂ ဘီလီယံ ရှိပြီး ငွေလုံးငွေရင်း အသုံးစရိတ်က ကျပ် ၅၆၈ ဒသမ ၉၂၆ ဘီလီယံရှိသဖြင့် စုစုပေါင်းအသုံးစရိတ် ကျပ် ၇၇၂ ဒသမ ၀၄၈ ဘီလီယံရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရသုံးမှန်းခြေငွေစာရင်း အရသိရသည်။

ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေ ၁၂၆ ဒသမ ၄၃၂ ဘီလီယံ၊ ပြည်ထောင်စုအစိုးရမှ ခွဲဝေပေးသည့် အခွန်ဝေစု ၂၄၈ ဒသမ ၀၄၈ ဘီလီယံ၊ ဌာနအဖွဲ့အစည်းများမှ အခွန်ရငွေခန့်မှန်းချက်က ၆၉ ဒသမ ၉၉၃ ဘီလီယံ၊ အခြားရငွေများ ၁၃၄ ဒသမ ၄၀၁ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ ၃၁ ဒသမ ၂၈၅ ဘီလီယံ၊ ကြွေးမြီရမှုများက ၁၆၀ ဒသမ ၈၈၉ ဘီလီယံကို ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးစရိတ် အဖြစ် ပြန်လည် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရသုံးမှန်းခြေငွေစာရင်း အရသိရသည်။

မူလ အသုံးစရိတ်ရေးဆွဲရာတွင် ရငွေထက် ပိုမိုများပြားနေသဖြင့် ပြည်ထောင်စု အစိုးရထံမှ ထောက်ပံ့ငွေ တောင်းခံခြင်းနှင့် အသုံးစရိတ်ကို ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ပူးပေါင်း စိစစ် လျှော့ချခြင်းများ ပြုလုပ်ခဲ့ရကြောင်း ဦးမြင့်သောင်း က ပြောသည်။

ဦးမြင့်သောင်း က “အကောင်အထည်ဖော်ဖို့ အတွက်ကို စွမ်းဆောင်နိုင်ခြင်း မရှိတဲ့ ကုန်ကျစရိတ် ကျပ် ၈၀ ဒသမ ၆၀၅ ဘီလီယံ ကိုလည်း စိစစ်လျှော့ချ နိုင်ခဲ့ပါတယ်။ ဒါကိုလည်း ပြည်သူ့ငွေစာရင်း ကော်မတီက ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် က  “ဌာနတွေရဲ့ ဘက်ဂျက်ကို စိစစ်တယ်။ ဌာနတွေက သူတို့သုံးထားတဲ့ လက်ရှိစံနှုန်းတွေကို တောင်းလိုက်ပြီးတော့ သူတို့ တောင်းထားတဲ့ ဘက်ဂျက်တွေကို စစ်တာပေါ့။ စစ်လိုက်တဲ့အခါ မှားတွက်ထားတာတို့ ၊ ပိုတွက်ထားတို့ကို ဖျက်လိုက်တော့ ပိုက်ဆံတွေက ပိုထွက်လာတယ်။ ဘက်ဂျက်မလောက်တဲ့ ဌာနတွေကို သုံးဖို့ အစိုးရဌာနကို ပြန်ပေးလိုက်တယ်။ တခြားဌာနတွေ ပြန်သုံးလို့ ရသွားတာပေါ့” ဟု ပြောသည်။

အဆိုပါ အရအသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စီစစ်လေ့လာတွေ့ရှိချက်၊ နှုန်းထားအကြံပြုချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာဖတ်ကြားခြင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခြင်းတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းသည် ဘီလီယံ ၆၅၀ ကျော်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက သိရသည်။

You may also like these stories:

ရန်ကုန်တိုင်းအတွင်းက ကျေးရွာ ၆၀၀ ကျော် လျှပ်စစ်မီး ရတော့မည်

လေထုညစ်ညမ်းစေသည့် စက်ရုံများ ပိတ်သိမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တွင် ကျန်းမာရေး အနှိပ်ခန်းများ တရားဝင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်

Your Thoughts …
Tags: ဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီးအသုံးစရိတ်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း

by ဧရာဝတီ
19 October 2023
2.6k

ယခုဘဏ္ဍာနှစ်၏ ကျန်ရှိသော ၆ လတာကာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၆ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ဒသမ ၅)ဘီလီယံ အထိ ရရှိရန် လျာထားပြီး သွင်းကုန်ထက်...

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

by ဧရာဝတီ
21 February 2023
10.1k

အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်

ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး

by ဧရာဝတီ
17 May 2022
14.5k

၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပေးရမှာဖြစ်သော်လည်း ၂၀၂၂ ခုနှစ်မေလဆန်းအထိ သက်ဆိုင်ရာတာဝန်ရှိသူများက ခွဲမပေးသေး

မေလ ၂ ရက်နေ့က လန်ဒန်မြို့တွင် မြန်မာ့အရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့စဉ် / Getty Images

NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်

by ဧရာဝတီ
4 September 2021
71.8k

"ကျနော်တို့က လုပ်ငန်းလည်ပတ်နိုင်တဲ့ အစိုးရ တခုအတွက် ပွင့်လင်းမြင်သာ တာဝန်ခံမှု ရှိတဲ့ အသုံးစရိတ်လုပ်ငန်းစဉ်ကို လိုချင်တယ်" ဟု NUG ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး မုတ္တမ ပင်လယ်ကွေ့ တလျှောက် ပေါက်ရောက်လျက်ရှိသော သဘာဝ ဒီရေတောပင်များ / ရန်ကုန်တိုင်း သစ်တောဦးစီးဌာန

ရန်ကုန်တိုင်း မုတ္တမပင်လယ်ကွေ့ တလျှောက် ဒီရေတောများ ပြုပြင်ထိန်းသိမ်းသွားမည်

by ဇူးဇူး
9 June 2019
7.8k

ဒီရေတောများကို သစ်တောမြေဖွဲ့ခြင်းသည် အနီးအနားပတ်ဝန်းကျင်ရှိ ဒီရေတောများကို သိမ်းခြင်းမဟုတ်ဘဲ ဒီရေတောများသည် ဒေသခံများအတွက် အကျိုးရှိခြင်းကြောင့် ယင်းအပင်များ မပျက်စီးစေရေး၊ တရားဥပဒေမဲ့ ခုတ် ယူဖျက်ဆီးမှူများ မဖြစ်စေရေးအတွက် သစ်တောဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဖွဲ့ပေးရခြင်းဖြစ် သည်ဟု ရှင်းပြသည်။

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နှစ်စဉ် နေပြည်တော်တွင် ကျင်းပလေ့ရှိသည် / Reuters

တပ်မတော် အသုံးစရိတ် ၆ လစာ ကျပ်ဘီလီယံ ၁၃၀၀ ကျော် တောင်းခံ

by ထက်နိုင်ဇော်
16 January 2018
16.2k

တပ်မတော် အသုံးစရိတ် ပမာဏသည် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် ၂ ခုပေါင်းထက် ပိုများလျက်ရှိသေးကြောင်း သိရသည်။

Next Post
MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှု မိတ်ဆက်ပွဲ  / MytelPay's Facebook

OTP လုပ်ဆောင်ချက် ပါဝင်တဲ့ MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်

ဒါရိုက်တာ အောင်ကိုလတ်  / ယုဖြူဟန် / ဧရာဝတီ

Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် ဒါရိုက်တာ အောင်ကိုလတ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate