• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပန်းတနော်တွင် စက်လှေမှောက် ကျောင်းသူတဦးနှင့် လှေသမား ပျောက်ဆုံး

by ဆလိုင်းသန့်စင်
5 August 2019
in သတင်း
A A
ပန်းတနော်မြို့  / ဧရာဝတီ

ပန်းတနော်မြို့ / ဧရာဝတီ

14.2k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားရာ ရွှေသောင်ယံ ကျေးရွာမှ အသက် ၁၃ နှစ်အရွယ်၊ ၇ တန်းကျောင်းသူနှင့် အစ်ကိုဖြစ်သူ စက်လှေသမားတို့ ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၄ရက်နေ့က ပန်းတနော် ဘုရားကြီးကုန်း အထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူ မကေသွယ် အောင် (အသက် ၁၃နှစ်) မှာ စာမေးပွဲဖြေပြီး အစ်ကိုဖြစ်သူ မောင်မျိုးကို (အသက် ၁၉ နှစ်) မောင်းနှင်သည့် စက် လှေဖြင့် အိမ်သို့ပြန်လာစဉ် မအူပင်မြို့နယ်၊ ရွှေလှေသောင်အုပ်စု၊ ကျုံကရင်ကျေးရွာအနီးတွင် တိမ်းမှောက်ကာ ပျောက်ဆုံးသွားသဖြင့် ရှာဖွေမှုများ ပြုလုပ်နေသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
48
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
580
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
178

“ရွှေသောင်ယံရွာက ကျောင်းသား ၅၀ ကျော် ဘုရားကြီးကုန်းကျောင်းမှာ မြစ်ကူးပြီး မော်တော်နဲ့ တက်ရတယ်။ မနေ့က စာမေးပွဲဖြေတော့ ဒီကလေးမလေးက သူ့အိမ်ကို စက်လှေနဲ့ လာခေါ်ခိုင်းတယ်။ ခါတိုင်း သွားနေကျ ကျောင်းကြိုစက်လှေနဲ့ မသွားဘဲ သူ့အစ်ကို စက်လှေနဲ့ အိမ်ပြန်သွားတယ်။ မောင်နှမနှစ်ယောက် မောင်းပြီး ရွာနား အရောက် မြစ်ကို ဖြတ်ကူးတာ။ ရေတက်ချိန်ဆိုတော့ ရေစီးသန်တယ်။ ရာသီက ဆိုးတော့ လေကထန်တယ်။ အဲဒီမှာ စက်လှေ မြုပ်ပြီး လူတွေရေထဲမြောသွားတာ”ဟု ကဿဝင်ကျေးရွာအုပ်စု စာရေး ဦးကျော်အောင်က ဧရာဝတီကို ပြောသည်။

ဧရာဝတီမြစ်ထဲတွင် စက်လှေမှောက်၍ ပျောက်ဆုံးသွားသည့် မောင်နှစ်မ ၂ ဦးကို မိသားစုဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံရှာဖွေခဲ့ရာ နစ်မြုပ်ခဲ့သည့် အလျား ၁၂ ပေနှင့် အနံ ၂ ပေခန့်ရှိသည့် စက်လှေကို ပြန်လည်တွေ့ ရှိခဲ့သော်လည်း မြစ်ထဲမျောပါခဲ့သည့် မောင်နှစ်မ ၂ ဦးစလုံးကို ရှာမတွေ့သေးကြောင်း သိရသည်။

“ကျောင်းက ကျောင်းသားများတော့ လပတ်စာမေးပွဲကို မနက်ပိုင်းနဲ့ ညနေပိုင်း ခွဲစစ်တယ်။ ကလေးမက မနက်ပိုင်း စာမေးပွဲဖြေပြီး အိမ်ကို ထမင်းပြန်စားဖို့နဲ့ စာပြန်ကြည့်ဖို့ မော်တော်နဲ့ လာကြိုပါဆိုပြီး မှာထားတယ်။ သူ့အစ်ကိုက လာခေါ်ပြီး အပြန်လမ်းမှာ မှောက်တာ၊ ကျုံကရင်ရွာက လူတွေကလည်း ဖြစ်ဖြစ်ချင်းကို စက်လှေတွေနဲ့ လိုက်ကယ်တာ မမှီလိုက်ဘူး။ ရေထဲကို တခါတည်း မြုပ်သွားတာ ပေါ်မလာဘူးလို့ ပြောတယ်။ ကျနော်တို့လည်း သိသိချင်း စက်လှေတွေနဲ့ လိုက်ရှာပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး”ဟု ဘုရားကြီးကုန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကျော်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဘော့ချောင်း အတွင်း စက်လှေတိမ်းမှောက်ခဲ့ရာ ၇ တန်းကျောင်းသူ မပန်းအိဖြူမှာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

လပွတ္တာတွင် သင်္ဘောမှောက် ၂ ဦးသေပြီး ၅ ဦးပျောက်ဆုံးနေ

ဇီးတောဆည်အတွင်း စက်လှေမှောက်မှု ၁၃ဦးသေဆုံး ၁ဦးရှာဖွေနေဆဲဟုဆို 

မင်းတုန်းချောင်း အတွင်း စက်လှေ တိမ်းမှောက်၊ ကျောင်းသူတချို့ ပျောက်ဆုံးနေ

Your Thoughts …
Tags: ကျောင်းသူစက်လှေမှောက်ပန်းတနော်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ပေါင်းတလည်နယ်မြေ ရဲစခန်း / ကောင်းမြတ်မင်း / ဧရာဝတီ

ရှစ်တန်းအရွယ် ကျောင်းသူကို ခိုးယူသွားသည့် ဘုန်းကြီးအား အမှုဖွင့်

by ကောင်းမြတ်မင်း
2 October 2019
31.4k

တိုင်ကြားခံရသည့် ကျောင်းထိုင်ဆရာတော်မှာ သက်တော် ၄၀၊ ဝါတော် ၂၀ ရှိသည့် ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မဖြစ်ပြီး ကားတင်ခေါ်ဆောင်သွားသည့် CCTV မှတ်တမ်းတချို့ရရှိထား

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇေ

စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်

by ဇူးဇူး
31 July 2019
35.6k

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင်း အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း၏ စာသင်ခန်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကျောင်းအထွေထွေလုပ်သားအား ဇူလိုင် ၃၀ ရက်တွင် မင်းဘူးခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

အခင်းဖြစ်ပွားစဉ်မြင်ကွင်း 

ကျောင်းသူတဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် အဖွဲ့မှ ဦးဆောင်သူကို ဖမ်းမိ

by လဲ့လဲ့
21 July 2019
92.7k

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် မိန်းကလေးငယ်လေး တဦးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် မိန်းကလေး ၇ ဦးထဲမှ အဖွဲ့ခေါင်းဆောင်ဖြစ်သူအား တန့်ယန်းရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောင်းသူတွေ စကတ်အတို ဝတ်ခြင်းကို ထိုင်းပညာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်

ကျောင်းသူတွေ စကတ်အတို ဝတ်ခြင်းကို ပိတ်ပင်လိုက်တဲ့ ထိုင်းပညာရေးဝန်ကြီးဌာန

by ဟယ်လ်သင်
5 September 2019
22.2k

အခုထုတ်ပြန်လိုက်တဲ့ ဒီဥပဒေသစ်ဟာဆိုရင်တော့ ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာမှပြန်လည် အသက်သွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပန်းတနော်မြို့ / ဧရာဝတီ

ပန်းတနော်တွင် အမျိုးသမီး ၂ ဦး အက်စစ်ဖြင့် အပက်ခံရ၍ ဒဏ်ရာပြင်းထန်စွာ ရရှိ

by ဆလိုင်းသန့်စင်
26 October 2019
93k

ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက်နေ မခင်ဥမ္မာလင်းနှင့် မလဲ့လဲ့ဝင်းတို့မှာ ထိုနေ့ည ၁၁ နာရီ ၃၀ မိနစ် အချိန်က စိတ္တ သုခလမ်းပေါ်၌ လမ်းလျှောက်နေစဉ် အမည်မသိ ဆိုင်ကယ်သမား ၂ ဦးမှ အက်စစ်ဖြင့် ပက်ခဲ့သည့်အတွက်...

အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည့် ပန်းတနော် CB Bank / ဧရာဝတီ

ပန်းတနော် CB ဘဏ်ကို သေနတ်သမား ၁ ဦး အနုကြမ်းဝင်စီးမှုဖြစ်

by ဆလိုင်းသန့်စင်
7 August 2020
15.1k

လူတဦးမှာ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်၍ ငွေတောင်းယူခဲ့သဖြင့် ဘဏ်ဝန်ထမ်း များက ငွေကျပ်သိန်း ၁၂ဝ ပေးအပ်ခဲ့ရပြီး၊ သေနတ်သမားမှာ ငွေထုတ်ယူ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း

Next Post
ရန်ကုန်မြို့တွင် တွေ့ရသည့် ရာသီ တုပ်ကွေး ကာကွယ်မှု အနေဖြင့် နှာခေါင်းစည်းတပ် သွားလာသူ တချို့  / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေး ဖြစ်ပွားမှု လျော့ကျလာဟု ဆို

သြဂုတ် ၅ ရက်နေ့က မြင်းခြံခရိုင်တရားရုံးတွင် တရားစွဲခံရသူများကို ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့စဉ် / ဇော်ဇော် / ဧရာဝတီ

မြို့သာ ဆေးခြောက်စိုက်ခင်းအမှု တရားလိုပြသက်သေ စစ်ဆေး

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate