• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကာကွယ်ရေး မလိုက်နာလျှင် ထောင်ချမည်ဟု ချင်းမိုင်အုပ်ချုပ်ရေးရုံးထုတ်ပြန်

by ကျော်ခ
2 April 2020
in သတင်း
A A
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တိတ်ဆိတ်သွားသည့် ချင်းမိုင်မြို့ / ကျော်ခ / ဧရာဝတီ

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တိတ်ဆိတ်သွားသည့် ချင်းမိုင်မြို့ / ကျော်ခ / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

ချင်းမိုင်းပြည်နယ် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားသော COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် ချမှတ်ထားသည့် စည်းမျဉ်းများအား ချိုးဖောက်သည်ကို တွေ့ရှိပါက ထောင်ဒဏ် ၁ နှစ်ထိ အရေးယူမည်ဖြစ်ကြောင်း ချင်းမိုင် ကူးစက်ရောဂါ ကော်မတီ၏ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာအဖွဲ့မှ ကြေညာချက်ထုတ်ပြန်သည်။

ပြည်နယ် အုပ်ချုပ်ရေးရုံးက ချမှတ်ထားသော စည်းမျဉ်းများအား ချိုးဖောက်သည်ကိုတွေ့ရှိပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဘတ် ၁ သိန်း (သိန်း ၄၀ ကျပ်) သို့မဟုတ် ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ထိုကြေညာချက်သည် ယနေ့ ဧပြီ ၂ ရက်နေ့ မနက် ၆ နာရီမှ စ၍ အာဏာအသက်ဝင်ကြောင်း သိရသည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
153
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
45
စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
57

ထို့ကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ သို့မဟုတ် လာရောက်ရန်ရှိသူများ အနေဖြင့် ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းများ၏ အမိန့်နှင့် ညွှန်ကြားချက်များကို မပျက် မကွက် လိုက်နာ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးနှိုးဆော်ထားသည်။

ချင်းမိုင်းပြည်နယ် အုပ်ချုပ်ရေးရုံးမှ ထုတ်ပြန်ထားသော အရေးပေါ် ကြေညာချက်များထဲတွင် မည်သည့် လမ်းကြောင်းဖြင့်မဆို ချင်းမိုင်မြို့အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ချင်းမိုင် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနမှ သတ်မှတ် ထားသောနေရာ၌ ၁၄ ရက်အတွင်း ပြင်ပသို့ထွက်ခွာခွင့်မပြုဘဲ quarantine ဝင်ရမည် ဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံမှ ပြန်ရောက်လာသည့် ထိုင်းနိုင်ငံသားများအားလုံးသည် လည်းကောင်း၊ ဘန်ကောက်မြို့တော်၊ ရာလ၊ ပတ္တနီ၊ နာရာသီဝပ်နှင့် ဖူးခက်မှ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများသည်လည်းကောင်း ၎င်းတို့ နေထိုင်ရာ နေအိမ်အတွင်း ၁၄ ရက် ပြင်ပသို့ထွက်ခွာခြင်းမရှိဘဲ quarantine ဝင်ရမည် ဖြစ်သည်။

အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ချင်းမိုင်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဆရာဝန်၊ ချင်းမိုင် ပြည်နယ်ဆိုင်ရာရဲချုပ်၊ အမှတ် ၄၁ လေတပ်ချုပ်၊ ချင်းမိုင်မြို့ရှိ အပြည်ပြည် ဆိုင်ရာလေဆိပ် ဒုတိယဥက္ကဋ္ဌ၊ ခရီးစဉ် ကူးပြောင်းရေး ဆိုင်ရာဦးစီးဌာန၊ လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအမှူး၊ ကမ္ဘာလှည့်ခရီးသွားရဲများ၊ ချင်းမိုင်မြို့တော်ဝန်နှင့် အခြားသောသက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများတွင် စီရင်ပိုင်ခွင့် အာဏာရှိကြောင်းသိရသည်။

ထိုင်းအစိုးရအနေဖြင့် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် သက်ဆိုင်ရာ ခရိုင်များကို လုပ်ပိုင်ခွင့် ပေးထားပြီး ထိုခရိုင်များကလည်း ဒေသန္တရ အမိန့်များ ထုတ်ပြန်၍ ကိုင်တွယ်ဆောင်ရွက်နေကြလျှက်ရှိသည်။

ထိုအထဲတွင် မြန်မာနိုင်ငံထိစပ်နေသည့် ခရိုင်များလည်း ပါရှိသလို နိုင်ငံ အတွင်းရှိ ခရိုင်အသီးသီးတွင် ရွှေ့ပြောင်း လုပ်သားအနေဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း သိန်းနှင့် ချီ၍ ရှိနေသည်။

ထိုင်းနိုင်ငံအတွင်း၌ COVID-19 ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက် ရှိပြီး နောက်ဆုံး ထုတ်ပြန်ချက် အရ တနိုင်ငံလုံး ကူးစက်သူဦးရေ ၁၈၇၅ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိပြီဖြစ်သည်။ ချင်းမိုင်ပြည်နယ်တွင်လည်း ကူးစက်ခံထားရသူ ၃၄ ဦးရှိပြီဖြစ်သည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် တာခ့်ခရိုင်ကလည်း မြန်မာနိုင်ငံ မြဝတီမြို့ အာဏာပိုင်များ၏ တောင်းဆိုချက်အရ နယ်စပ်ကတဆင့် ပြန်လာသည့် မြန်မာ နိုင်ငံသားများကို ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှ လက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားထားသဖြင့် သယ်ယူပို့ဆောင်ရေးများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဧပြီ တရက်နေ့တွင် တာခ့်ခရိုင်မြို့တော်ဝန်က ကြေညာထားသည်။

တာ့ခ်ခရိုင် အနေဖြင့်လည်း Covid-19 ကာကွယ်တားဆီးရေး နှင့် ပတ်သက်ပြီး သွားလာ၊ နေထိုင်မှု စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ထားပြီး ထိုထုတ်ပြန်ချက်များကို မလိုက်နာသူများအား ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဘတ် ၁ သိန်း ဒဏ်ရိုက်မည်ဟု ထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းပြည်နယ် ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး ကော်မတီကလည်း Covid-19 ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး သတိပေး တားမြစ်ချက်များ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် ချင်းရိုင်ပြည်နယ်အတွင်းသို့ လာရောက်မည့် အများပြည်သူသုံးယာဉ်များ၊ ကိုယ်ပိုင် မော်တော်ယာဉ်များသည် ခွင့်ပြုချက်မပါရှိဘဲ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်နယ်အတွင်း အခြေချနေထိုင်သူမှလွဲ၍ အကြောင်းကိစ္စမရှိ ဝင်ရောက်လာ သူများ၊ နှာခေါင်းကာ တပ်ဆင်ထားခြင်း မရှိသူများ၊ တာဝန်ကျဝန်ထမ်းများ၏ ညွှန်ကြားချက်ကိုမလိုက်နာသူများအား ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း ဝင်ထွက်ခွင့်ရှိသော်လည်း စစ်ဆေးမှုများအား လိုက်နာရမ ည်ဖြစ်ကြောင်း၊ ခရီးသွားများမှလည်း နှာခေါင်းကာများ တပ်ဆင်ထားရမည်ဖြစ်ကြောင်း၊ ဝင်ရောက်လာသူ တဦးချင်းစီအား ကိုယ်အပူချိန် တိုင်းတာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

You may also like these stories:

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ ဆွမ်းတာဝန် တိုင်းအစိုးရ တာဝန်ယူမည်

နေပြည်တော် COVID -19 အတည်ပြု လူနာနှင့် ထိတွေ့ ခဲ့သူများတွင် ဗိုင်းရပ်စ်ပိုး မတွေ့ ရ

COVID-19 ကြောင့် ရေလုပ်ငန်းများ ရပ်နားရတော့မည်

Your Thoughts …
Tags: ချင်းမိုင်ချင်းရိုင်တာခ်ခရိုင်
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

by ဧရာဝတီ
13 September 2023
3.1k

မြန်မာစစ်သား အယောက် ၁၀၀ နီးပါးသည် ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်အခြမ်း ရွာ ၂ ရွာဖြစ်သည့် Ban Le Tong Khu နှင့် Ban Mo Ta Lua တွင်...

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

by ဧရာဝတီ
10 February 2024
2.4k

"မကြာသေးမီက တက်လာတဲ့ အဝယ်လှိုင်းကတော့ ချင်းမိုင်မှာ အငြိမ်းစားနေထိုင်ဖို့နဲ့ ဖူးခက်မှာ အပမ်းဖြေ နေထိုင်ဖို့ပဲ" ဟု ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးသည်။

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

by Huizhong Wu
19 September 2024
2.2k

၈ တန်း စတင်တက်ရောက်တော့မည့် ရော့ဒ်နီသည် ထိုင်းတွင် ဂစ်တာနှင့် စန္ဒယားတီးပြီး အင်္ဂလိပ်စကားလုံးသစ်များ လေ့လာရန် မှတ်စုစာအုပ်တအုပ် ဆောင်ထားသည်။

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

by ကြာဖက်နှင်း
6 October 2024
1.2k

တကယ်တော့ ဘုရင့်နောင် နယ်ချဲ့ခဲ့ဖူးသည့် ဇင်းမယ်သည် ရေချင်း မြေချင်း စပ်နေသည့် အပြင် ဘာသာ ယဉ်ကျေးမှု ကလည်း ဆက်စပ်နေတော့ ကိုယ့်မြေ ကိုယ့်ရေလိုပါပဲ…

မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်

မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်

by ဧရာဝတီ
22 March 2024
1.2k

ယင်းမီးရှို့မှုများကို သက်သေပြရန်အတွက် ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောင်းစိုက်ခင်းဧရိယာများကို ဂြိုဟ်တု ဓာတ်ပုံများအသုံးပြု၍ မြေပုံများနှင့် နှိုင်းယှည် ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း ပြောသည်။

ရေစီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဖလွိုင်ထောင်နဲ့ ဖာ့ဆိုင် (ရုပ်/သံ)

ရေစီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဖလွိုင်ထောင်နဲ့ ဖာ့ဆိုင် (ရုပ်/သံ)

by ဇော်မြတ်ခန့်
10 October 2024
659

ရေကစားတာ ကြိုက်တဲ့ အသက် ၁၆ နှစ်အရွယ် ဆင်ကလေးဖာ့ဆိုင်ကို မယ့်တန် ဆင်စခန်းမှာမသိသူ မရှိသလောက်ပါပဲ။ ကလေးဆိုးလေးလို နေတတ်တဲ့ ဖာ့ဆိုင်ဟာ ဆင်စခန်းပိုင်ရှင်ရဲ့ အထူးဂရုစိုက်ခြင်း ခံခဲ့ရတဲ့ ဆင်တွေထဲက တကောင်ပါ။

Next Post
သရုပ်ဆောင် ကျော်သူ  / Kyaw Thu's Facebook

နေမကောင်းဖြစ်ပါက အမှန်တိုင်းပြောဖို့ ကျော်သူ တိုက်တွန်း

Case-8 လူနာနှင့် ထိတွေ့ခဲ့သူများကို ယနေ့ နေအိမ်သို့ ပြန်ခွင့်ပြုစဉ် / ကိုဆော့(ပုဂံ) / facebook

COVID-19 ပိုးတွေ့လူနာ ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သူ ၉၂ ဦးအား အိမ်ပြန်ခွင့်ပြု

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate