• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဆင့်မြင့်ပညာဦးစီးဌာန CDM ဝန်ထမ်း ၄၁ ဦး ရာထူးက ထုတ်ပယ်ခံရ

by ဧရာဝတီ
5 May 2021
in သတင်း
A A
ရေဦးမြို့တွင် မေ ၄ ရက်က CDM ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ် / CJ

ရေဦးမြို့တွင် မေ ၄ ရက်က CDM ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ် / CJ

24.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး CDM ပြုလုပ်နေသည့် အဆင့်မြင့်ပညာ ဦးစီးဌာနမှ အရာရှိ၁၄ ဦးနှင့် အမှုထမ်း၂၇ ဦး (စုစုပေါင်း ၄၁ ဦး) အား ဧပြီ၂၈ ရက်နေ့ ရက်စွဲဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပညာရေး ဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ခဲ့သည်။

ထုတ်ပယ်ခံရသူများတွင် ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ စာရေး စသဖြင့် ဌာနအသီးသီးမှ ပါဝင်ပြီး မတ်လ၂၃ ရက်မှ စ၍ ရာထူးမှ ထုတ်ပယ်ကြောင်းနှင့် ကျေနပ်မှု မရှိပါက အမိန့်စာ လက်ခံရသည့်နေ့မှ ၆ လအတွင်း အယူခံလွှာ တင်သွင်းနိုင်ကြောင်းလည်း အမိန့်စာတွင် ဖော်ပြထားသည်။

RelatedPosts

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
4
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
10
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
68

“ရုံးချုပ်ကို အရင် ဖိပြလိုက်တာ။ ဦးစီးဌာနအောက်က ကျောင်းကလူတွေ ကြောက်မလား ဆိုတဲ့ ပုံစံပေါ့။ ကျမကတော့ ရုံးပြန်တက်ဖို့လည်း အစီအစဉ် မရှိဘူး။ နောက်ဆုံး အပြင်မှာပဲ လုပ်စားမယ်၊ ဒီလူတွေနဲ့တော့ လုံးဝ တွဲမလုပ်နိုင်တော့ဘူး” ဟု ရာထူးက ထုတ်ပယ်ခံရသည့် CDM ဝန်ထမ်းတဦးက ပြောသည်။

ယခုကဲ့သို့ ရာထူးက ထုတ်ပယ်ကြောင်း မကြေညာမီ ဌာနမှ တာဝန်များ ယာယီရပ်ဆိုင်းကြောင်း စတင်ကြေညာကတည်း က ဖိအားပေး ခြိမ်းခြောက်မှုနှင့် ရာထူးအား စွန့်ပယ်ရန် စိုးရိမ်သည့် CDM လုပ်ခဲ့သူ ဝန်ထမ်းအချို့မှာ ရုံးပြန်တက်ခဲ့ကြ ကြောင်းလည်း သိရသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနတွင် နေ့စားဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ၂၀၀ နီးပါးရှိပြီး ညွှန်ကြားရေးမှူးများ အပါအဝင် ဝန်ထမ်း ၆၀ ကျော်က CDM လုပ်ခဲ့ကြခြင်း ဖြစ်သည်။

CDM ဝန်ထမ်းများအား ထုတ်ပယ်ကြောင်း အမိန့်စာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ ဒု ညွှန်ကြားရေးမှူချုပ် ဒေါက်တာချစ်စိန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် နွယ်နီတို့ ပါဝင်သည်ကို တွေ့ရပြီး ၎င်းတို့ ၃ ဦးအား အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) ကလည်း အမည်ပျက်စာရင်း ကြေညာထားသည်။

ယင်းပြင် CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက် အကျပ်ကိုင် ဖိအားပေးလျက်ရှိသည့် ပညာရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာန အသီးသီးမှ အရာရှိအချို့နှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုပါချုပ်များ အပါအဝင် စုစုပေါင်း ၃၂ ဦးကို လည်း ဧပြီ၂၆ ရက်နှင့် မေလ၂ ရက်တို့တွင် အမည်ပျက်စာရင်း သွင်းခဲ့ပြီး ၎င်းတို့ရာထူး တည်ရှိမှုအပါအဝင် ကိစ္စအဝဝ အား ပြည်သူ့အစိုးရမှ လုံးဝ အသိအမှတ် မပြုတော့ကြောင်း NUG အစိုးရ ပညာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ကြေ ညာခဲ့သည်။

ဒေါက်တာ ဇော်ဝေစိုးက “နောက်ဆုံး သတိပေးလိုပါတယ်။ ပြည်သူအများနဲ့ ခင်ဗျားတို့ လူနည်းစုနဲ့၊ အမှန်တရားနဲ့ မတရား မှုနဲ့၊ အဓမ္မနဲ့ ဓမ္မကို ခွဲခွဲခြားခြား ဆင်ခြင်သုံးသပ်နားလည်းပါ။ စစ်အာဏာရှင်ဟာ ကျဆုံးနေပြီ ဆိုတာကို ခင်ဗျားတို့ သဘောပေါက်ပါ။ ခင်ဗျားတို့တွေ ပြည်သူလူထုနဲ့ ဝန်ထမ်းတွေကို ထုတ်တဲ့အမိန့်နဲ့ ကြေညာတွေကို ခင်ဗျာတို့ ဆင်ခြင်ပြီး ထုတ်ဖို့ လိုပြီဆိုတာ သဘောပေါက်ပါ” ဟုလည်း CDM ဝန်ထမ်းများအပေါ် ဖိနှိပ်နေသည့် အရာရှိများအား မေလ ၁ ရက်က သတိပေးထားသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပညာရေးဝန်ကြီးဌာမှ CDM ဝန်ထမ်းများအား ထုတ်ပယ်သည့်အပြင် ၎င်းတို့အား ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် မြို့နယ်အသီးသီးမှ ကျောင်းဆရာ/ဆရာမများကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးလျက်ရှိသည်။

ယင်းပြင် စစ်ကောင်စီက မေလ ၅ ရက်မှ စတင်ကာ တက္ကသိုလ်၊ ကောလိပ်သင်တန်းများ ပြန်လည် ဖွင့်လှစ်ရန်နှင့် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိရာတွင် ပြည်သူများနှင့် ကျောင်းသား/သူများ၏ ဆန့်ကျင်မှုနှင့် ကြုံတွေ့ရလျက်ရှိပြီး “စစ်ကျွန်ပညာရေး အလိုမရှိ” ကြောင်း ဆန္ဒပြမှုမှာလည်း နေ့စဉ်ပြုလုပ်လျက် ရှိကြသည်။

You may also like these stories:

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်သူ ၈၀၀၀ ကျော် အကူအညီများ လိုအပ်နေ

ကျောင်းမဖွင့်ရန် သပိတ်မှောက်သည့် ရွာသား၂၀ ခန့် စစ်တပ် ဖမ်း

NLD AIDS စင်တာရှိ CDM ဝန်ထမ်းများကို တပတ်အတွင်း ထွက်ခွာရန် စစ်တပ်ဖိအားပေး

Your Thoughts …
Tags: CDMရာထူးထုတ်ပယ်ဝန်ထမ်းအဆင့်မြင့် ပညာရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.5k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

by ဧရာဝတီ
19 January 2024
18.1k

အသစ်ခန့်အပ်လိုက်သောတပ်မှူးအများစုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၉၊ ၄၁နှင့် အလုပ်သင် ၂၄ သင်တန်းဆင်းများဖြစ်ပြီး စစ်မတိုက်ရဘဲ ရထူးရလာခဲ့ကြသူများဖြစ်သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လူရင်းများဖြစ်ကြောင်း

Next Post
၂၀၂၁ ဖေဖေါ်ဝါရီ ၁၀ရက်နေ့က မြေနီကုန်းတံတားအောက်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြသည့် CDM ကျန်းမာရေး ဝန်ထမ်းများ / ဧရာဝတီ

NUG အစိုးရက CDM များကို ပံ့ပိုးနိုင်ရန် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း

နမ္မတူမြို့နယ် မန်လီကျေးရွာရှိ မီးလောင်သွားသည့် နေအိမ်များ / CJ

TNLA နှင့် RCSS ပဋိပက္ခ အရပ်သား အိမ် ၁၀၀ ကျော် မီးလောင်ပြာကျ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.5k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate