ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာငှားရမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အဂတိ မှုဖြင့် တရားစွဲဆိုထားမှုမှ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက်အား ယနေ့စစ်ဆေးခဲ့ ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးထံက သိရသည်။
ဦးရဲထက်အား စစ်ဆေးရာတွင် အဓိကစစ်မေးခြင်းနှင့် အပြန်အလှန်မေးမြန်းခြင်းများ အပြီးသတ်ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင် စီ၏ စွပ်စွဲချက်များအား ချေဖျက်နိုင်သည့် အနေအထားရှိခဲ့ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။
၎င်းအမှုသည် မူလက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် စွဲဆိုခဲ့ခြင်းဖြစ်သော်လည်း အမှုအား ပြည်ထောင်စုတ ရားလွှတ်တော်ချုပ်က လွှဲပြောင်းရယူကာ နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၆၀ ရှိ မြေ ၁.၈၆ ဧကနှင့် အဆောက်အဦးအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်လှစ်ရန် ရာထူးတာဝန်အလွဲသုံးစားပြု၍ လျော့နည်းသက်သာသော နှုန်းထားဖြင့် ငှားရမ်းရယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်ဖြင့် ဖောင်ဒေးရှင်း တည်ထောင်ကာ ဥက္ကဌတာဝန်ယူဆောင်ရွက်ခဲ့ပြီး လူငယ်များ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများပေးခြင်း၊ သဘာ ဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ရသည့် ပြည်သူများအား ထောက်ပံ့ခြင်း၊ ရေရှားပါးသည့် ဒေသများတွင် ရေတွင်းများတူး ဖော်ခြင်း စသည့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင်မူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးများအား ဝင်ရောက်စီးနင်းကာ အများပြည်သူ လှူဒါန်းထားသည့် ငွေကြေးများနှင့် ပစ္စည်းများ သိမ်းဆည်းခဲ့သည့်အပြင် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ဖောင်ဒေးရှင်းမြေနေရာများနှင့် ပတ်သက်ပြီး ရာထူးအာဏာအလွဲသုံးစားပြုကာ အဂတိလိုက်စားသည်ဟု စွပ်စွဲကာ အဂတိမှု ၄ မှုအထိ တရားစွဲဆိုထားသည်။
ယင်းအဂတိမှုများမှာ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်နှင့် ပတ်သက်ပြီး ၁ မှု၊ နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးနှင့် ပတ်သက်ပြီး ၃ မှုတို့ဖြစ်ပြီး အမှုများအား စစ်ကောင်စီထိန်းချုပ်ထားသည့် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးတွင် အပတ်စဉ် သောကြာနေ့တိုင်းရုံးထုတ်စစ်ဆေးလျှက်ရှိသည်။
နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့်အမှုများတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုလည်း အမှုတွဲများအဖြစ် ထည့်သွင်းကာ စစ်ကောင်စီက အဂတိမှုပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။
ယနေ့ရုံးချိန်းတွင်မူ ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့်အမှုတမှုသာ စစ်ဆေးခဲ့ပြီး အမှုများအား ဒီဇင်ဘာ ၁၇ ရက်နေ့သို့ ရုံးချိန်းပြန်လည်း ချိန်းဆိုခဲ့ကာ တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးမည်ဖြစ်ကြောင်း သိရ သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်ချက်အက်ဥပဒေ အမှု သက်သေ မလာ၍ မစစ်ဆေး
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို