• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းမှုအပေါ် ပထမဆုံး ဆန္ဒထွက်ပြသည့် ကျောင်းသား ၄ ဦး ထောင်ချခံရ

by ဧရာဝတီ
26 May 2022
in သတင်း
A A
အာဏာသိမ်းမှု လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံသည့် ကျောင်းသား ၄ ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ရုံးထုတ်စဉ်  / ဧရာဝတီ

အာဏာသိမ်းမှု လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံသည့် ကျောင်းသား ၄ ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ရုံးထုတ်စဉ် / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းမှုကို လက်မခံကြောင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့် ကျောင်းသား ၄ ဦးကို မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘိုထောင်) အထူးတရားရုံးက ထောင် ၁ နှစ် ၉ လ ကျခံစေရန် ယမန်နေ့က အမိန့်ချသည်။

အမိန့် ချမှတ်ခံရသူများမှာ ကိုစောဥက္ကာဦး (နိုင်ငံခြားဘာသာ တက္ကသိုလ်- မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံ တက္ကသိုလ်)၊ ကိုရဲဝင်းထွန်း၊ ကိုပြည်စုံအောင် တို့ ဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ တို့ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဟု သိရသည်။

RelatedPosts

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
5
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
32
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
114

“ကျနော်တို့ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့အချိန်မှာ အားလုံးက သဘာ၀ဘေး ဥပဒေကို ချိုးဖောက်တာမျိုး မရှိဘူး။ လူဦးရေအရ ပဲ ကြည့်ကြည့်၊ စည်းကမ်း သတ်မှတ်ချက်တွေမှာ ပါတာတွေကို ချိုးဖောက်ခဲ့တာမျိုးလည်း မရှိဘူး၊ ပြောချင်တာက ဒါသည် လုံး၀ တရားမျှတမှု မရှိဘူး။ သူတို့ပြောတဲ့ ဥပဒေနဲ့အညီ စီရင်ချက်ချတယ်လို့ သတ်မှတ်လို့ မရပါဘူး။ အခု ချလိုက်တဲ့ ထောင် ၁ နှစ်နဲ့ ၉ လဆိုသည်မှာ သူတို့ပြောတဲ့ ဥပဒေနဲ့ မညီဘူးလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာ တေဇာဆန်းက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်၌ မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်၊ ၇၃ လမ်းနှင့် ၇၄လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး) ရှေ့၌ ဒေါက်တာ တေဇာဆန်း ဦး ဆောင်ပြီး “အာဏာသိမ်း စစ်အစိုးရအလိုမရှိကြောင်း” ၊ “ဖမ်းဆီးထားသည့် နိုင်ငံ့ ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး” ကြွေးကြော်သံများဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ပြီး ၁၅ မိနစ်ခန့်အကြာတွင် အရပ်ဝတ်များဖြင့် ရဲများ ရောက်လာကာ ဆန္ဒထုတ်ဖော်သူများ အနက်မှာ ယခု အမိန့်ချမှတ်ခံရသည့် ကျောင်းသား ၄ ဦးအား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘူး။ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တရားရေး ဌာနကိုလည်း လုံး၀ လုံး၀ အသိအမှတ်မပြုဘူးဆိုတာ ပြောလိုပါတယ်။ ပထမဦး ဆုံး ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ ရဲဘော် တွေကို အာဏာသိမ်းပြီး တနှစ်ကျော်မှ အမိန့်တွေ ချတာကို လုံး၀ လက်မခံဘူး။ ဒါသည် မတရားမှု ဖြစ်တယ်။ သူတို့ ချလိုက်တယ်ဆိုတဲ့ အမိန့်တွေကို ကြည့်မယ်ဆိုရင် တရားစွဲတာကအစ လုံး၀ မဖြစ်သင့်တဲ့ အမှုတွေပါ။ ကျနော်တို့ လွတ်လပ်စွာ ကိုယ့်ရဲ့ သဘောထားကို ထုတ်ဖော်တယ်ဆိုတာ မူလရပိုင်ခွင့် မွေးရာပါ အခွင့်အရေး ဖြစ်တယ်” ဟု ဒေါက်တာ တေဇာဆန်းက ဆက်လက် ပြောသည်။

အဆိုပါ ကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၁ နှစ် ၉ လစီ ကျခံစေရန် အမိန့်ချမှတ်ရာတွင် တနှစ်ကျော်ကာလ ချုပ်ရက်များကိုလည်း ခံစားခွင့်ပြုသည်ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း သတင်း ထုတ်ပြန် ထားသည်။

“လူထုက အသံတိတ် မသွားသလို အလံလည်း လိပ်မသွားဘူး။ ဒါက ဘာကိုပြနေသလဲဆိုရင် အာဏာသိမ်းတဲ့ လုပ် ရပ်သည် လုံး၀ မအောင်မြင်တဲ့ လုပ်ရပ်ဖြစ်သွားပြီ။ လက်နက်ရှိရုံနဲ့ လူထုကို အုပ်ချုပ်ခွင့် ရနိုင်မှာ မဟုတ်တော့ဘူး ဆိုတာ ဖြတ်သန်းခဲ့တဲ့ အချိန် တနှစ်ကျော်က သက်သေပြခဲ့ပါပြီ။ အခုပွဲက အလွယ်တကူနဲ့ အောင်မယ့်ပွဲ မဟုတ် ပါဘူး၊ အောင်ပွဲနဲ့ ထိုက်တန်တဲ့ အရင်းအနှီး၊ ပါဝင်ပေးဆပ်မှုတွေ ရှိပါတယ်” ဟု ဒေါက်တာ တေဇာဆန်းက ဆက် လက် ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် မန္တလေးမြို့မှ ဒေါက်တာ တေဇာဆန်း ဦး ဆောင်ပြီး အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှု မြန်မာ့ နွေဦးတော်လှန်ရေးအဖြစ် ပထမဦးဆုံး ဆန္ဒပြမှု စတင်ခဲ့ပြီးနောက် နိုင်ငံတဝန်းလုံး၌ ဆန္ဒပြသပိတ်စစ်ကြောင်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။

နွေဦးတော်လှန်ရေးသည် ၁ နှစ်ကျော်ကြာသည့်တိုင် မန္တလေးမြို့မှ သပိတ်စစ်ကြောင်းများဖြစ်သည့် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း၊ အမျိုးသမီး သပိတ်စစ်ကြောင်း၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း၊ Generation Z သပိတ်စစ်ကြောင်း၊ LGBT Union (Mandalay) သပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ် စားပြု သပိတ်စစ်ကြောင်း၊ ရတနာပုံ ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာ သပိတ်စစ်ကြောင်း၊ ပြည်ကြီးတံခွန် ညသပိတ်၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း စသည့် သပိတ်စစ်ကြောင်းများသည် ယနေ့အချိန်ထိ ပြောက်ကျား ဆန္ဒပြမှုများ ပြုလုပ်နေဆဲပင် ဖြစ်သည်။

ထိုသို့ ဆန္ဒပြ သပိတ်စစ်ကြောင်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာမှုကြောင့် အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ စတင်ကာ ဆန္ဒပြသပိတ်စစ်ကြောင်းများကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီး သတ်ဖြတ်ခြင်းများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။

ယခုအခါ စစ်ကောင်စီသည် မန္တလေးမြို့မှ မြေပြင်သပိတ် လူငယ်များနှင့် ပြောက်ကျားတပ်ဖွဲ့ဝင်များကို ပိုက်စိပ်တိုက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲ သတင်း အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိဘဲ သတင်း အမှောင်ချခြင်းများ ပြုလုပ်နေသည်ဟု မန္တလေးသပိတ် အင်အားစုများက ဆိုသည်။

You may also like these stories:

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောင် ၃ နှစ် ထပ်မံချမှတ်ခံရ

တရားရေးမဏ္ဍိုင် ပြိုကျပျက်စီးသွားတဲ့အခါ

ဘားအံထောင်ဆူမှု အကျဉ်းသား ၄ ဦး ဒဏ်ရာပြင်းထန်၊ ၁၇ ဦး တိုက်ပိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား

Your Thoughts …
Tags: စစ်ကောင်စီဆန္ဒပြကျောင်းသားမန္တလေးအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
NLD အစိုးရ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ဦးဖြိုးမင်းသိန်းအား ချန်လှပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီ အမှုဖွင့်

မေ ၂၅ရက်က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် လာသည့် မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိစဉ် / Bangkok Post

MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.2k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate