• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ မြန်မာစစ်အုပ်ချုပ်ရေးကို ကူညီနေ

by ဧရာဝတီ
5 November 2022
in သတင်း
A A
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ပိုင်းမှ အဓိက ပြည်နယ်မြို့တော် ဗလာဒီဗော့စတော့ခ်တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေး ဖိုရမ် (EEF) တွင် ရုရှားသမ္မတ ပူတင်နှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ပိုင်းမှ အဓိက ပြည်နယ်မြို့တော် ဗလာဒီဗော့စတော့ခ်တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေး ဖိုရမ် (EEF) တွင် ရုရှားသမ္မတ ပူတင်နှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

5.8k
VIEWS
Share on FacebookShare on Twitter

ယခင်နှစ်က အာဏာသိမ်းပြီးနောက် အာဏာကို ခိုင်မာအောင် မလုပ်နိုင်သော မြန်မာစစ်တပ် တည်မြဲပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ရေးအတွက် တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများ၏ ထောက်ခံမှုက ကူညီနေသည်ဟု နိုင်ငံတကာ ပါလီမန်အမတ်များ အဖွဲ့တခုက ပြောကြားလိုက်သည်။

အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အဆိုပြုထားသည့် ငြိမ်းချမ်းရေး အစီအစဉ်တွင် တိုးတက်မှု လုံးဝမရှိသော်လည်း မြန်မာစစ်တပ်ကို ထိုခိုင်မာပြီး ဝေဖန်ဆန်းစစ်မှု မရှိသော ထောက်ခံမှု၊ အထူးသဖြင့် ဘေဂျင်းနှင့် မော်စကိုမှ ထောက်ခံမှုက စစ်တပ်ကို ကူညီနေသည်ဟု နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားသည်။

ယခုအခါ ASEAN ၏ အစီအစဉ်ကို စွန့်လွှတ်ပြီး မြန်မာဒီမိုကရက်တစ် အတိုက်အခံများကို ထောက်ခံရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပါလီမန်ကိုယ်စားလှယ် ၈ ဦးပါဝင်သော ထိုအဖွဲ့က ပြောသည်။ ထိုအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာ တုံ့ပြန်မှုနှင့်ပတ်သက်၍ လေးလကြာ လေ့လာမှုတခုကို လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ (APHR) ၏ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ဒီမိုကရေစီကို ထောက်ခံသည်ဟု ထုတ်ဖော်ပြောဆိုသည့် နိုင်ငံများသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး NUG နှင့် ၎င်း၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရန်ပုံငွေ ထောက်ပံ့ရမည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုလုပ်ဆောင်ရမည့်ကိစ္စများကို ချက်ချင်းလုပ်ဆောင်သင့်ပြီး အာဏာသိမ်းပြီးနောက် ၁၉ လအတွင်း စစ်တပ်သည် ၎င်းတို့၏ အာဏာကို ခိုင်မာအောင် မလုပ်နိုင်ခဲ့ကြောင်း မှတ်ချက်ချသည်။ မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော ဒေသများတွင် စစ်တပ်က တဘက်၊ NUG ၏ မဟာမိတ်များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကတဘက် တိုက်ပွဲများ ဖြစ်နေသည်။ ထိုသို့ အကြမ်းဖက်မှုများသည် ပြိုလဲလုသော စီးပွားရေးကို အခြေအနေ ပိုမိုဆိုးရွားစေပြီး ယခင်မကြုံဖူးသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။

လူပေါင်း ၁ ဒသမ ၂ သန်းသည် နိုင်ငံတွင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ကောင်စီတပ်များက လူအနည်းဆုံး ၁၅,၀၀၀ ကို နိုင်ငံရေးအရ ဖမ်းဆီးထားကာ နိုင်ငံရေးအတိုက်အခံ အနည်းဆုံး ၂၄၀၀ ကျော်ကို သတ်ဖြတ်ထားသည်။

အစွမ်းအထက်ဆုံး ကူညီနေသူများ

အာဏာလုယူမှု ဖြစ်ပွားပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်တပ်ကို အထီးကျန်ထားရန် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများသည် လွန်စွာမြန်ဆန်သော်လည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာ မဟာမိတ်များဖြစ်သော ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့၏ အကူအညီဖြင့် အာဏာကို ဆက်လက် ချုပ်ကိုင်ထားသည်။

“ထိုအစိုးရများက ပေးသောထောက်ခံမှုနှင့် တရားဝင်မှုကြောင့် စစ်ကောင်စီသည် အာဏာသိမ်းမှုကို ခိုင်မာအောင် မလုပ်နိုင်စေကာမူ ဆက်လက်တည်မြဲပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ဆက်လက်ကျူးလွန် နိုင်စေသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်ကောင်စီ၏ မဟာမိတ်များက စစ်ကောင်စီ၏ အောင်မြင်မှုသည် ၎င်းတို့အကျိုးစီးပွားဖြစ်သည်ဟု ပိုမိုမြင်လာသောကြောင့် ထိုထောက်ခံမှုများ ၂၀၂၂ ခုနှစ်တွင် ပိုမိုများပြားလာသည်” ဟုလည်း ဆက်လက်ဖော်ပြသည်။

တရုတ်နှင့် ရုရှားတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်အပေါ် မည်သည့် ကြီးမားသော အရေးယူမှုကိုမဆို ပိတ်ဆို့ကြသည်ဟု အစီရင်ခံစာတွင် မှတ်ချက်ပေးထားပြီး စစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ရန် တရုတ်နှင့်ရုရှား လက်နက်များကို အသုံးပြုနေသည်ဟု သတင်းများအရ သိရသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် သတိကြီးကြီးထား ထုတ်ပြန်ကြေညာမှုများ လုပ်ခဲ့သော်လည်း တရုတ်သည် မြန်မာစစ်တပ်ကို အဓိက ကူညီသည့်နိုင်ငံများအနက် တနိုင်ငံဖြစ်လာပြီး အသက်သွေးကြောသဖွယ် အရေးပါသည့် တရားဝင်မှုပေးလာသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။ ဘေဂျင်းသည် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဆွေးနွေးရန် ဖိတ်ခေါ်ပြီး ထိုအချိန်မှစတင်ကာ ဒေသတွင်း နိုင်ငံများအနေဖြင့် အလားတူ လုပ်ဆောင်ရန် တွန်းအားပေးနေသည်ဟု ဆိုသည်။

ဘေဂျင်းက စစ်ကောင်စီကို ထောက်ခံမှုသည် မြန်မာအကျပ်အတည်းကို ကိုင်တွယ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်စေရန် လုပ်နိုင်သည့် ASEAN ၏ စွမ်းရည်ကို ထိခိုက်စေသည်ဟု အထက်ပါ ပါလီမန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သူများက ပြောသည်။

“နောက်ဆုံးတွင် တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ရန် လိုလားကြောင်း ဆုံးဖြတ်လိုက်ပြီး မြန်မာမှ ၎င်းတို့၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများအတွက် စစ်ကောင်စီကို နိုင်ငံတကာအရေးယူမှုများမှ ကာကွယ်ရန် ကြိုးစားသည်” ဟုလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

တရုတ်နှင့်မတူဘဲ ရုရှားသည် စစ်ကောင်စီ စတင်ပေါ်ပေါက်လာကတည်းက အခိုင်အမာ ထောက်ခံသည်။ စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို သတ်ဖြတ်နေစဉ် မော်စကိုသည် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းနားသို့ တရားဝင် ကိုယ်စားလှယ်စေလွှတ်သည်။ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ကရင်မလင်တွင် အနည်းဆုံး ၃ ကြိမ် ကြိုဆိုသည်။ စက်တင်ဘာလ နောက်ဆုံးသွားရောက်စဉ်က အာဏာသိမ်း ခေါင်းဆောင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်ပင် တွေ့ဆုံခဲ့သည်။

ထိုသို့သော ထောက်ခံမှုအတွက် အပြန်အလှန်အားဖြင့် မြန်မာကလည်း ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှုကို ထောက်ခံကြောင်း ပြောသည်။

စစ်အုပ်ချုပ်ရေးအတွက် အိန္ဒိယ၏ အကျိုးဆောင်မှုမှာ အသိအမှတ်ပြုခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်အတိုင်းထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြသည်။

အဆုံးအဖြတ်ကျသောအချက်

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
139
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
62

ထိုတချိန်လုံးတွင် ဒီမိုကရေစီကို အဓိက ထောက်ခံသည့် နိုင်ငံများမှာမူ ၎င်းတို့၏ ပစ်မှတ်ထား အရေးယူမှုများသည် ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ စနစ်ကျသည့် သဘောသဘာဝ မရှိသောကြောင့် မအောင်မြင်ဘဲ မြန်မာအကျပ်အတည်းကို ထိထိရောက်ရောက် မတုံ့ပြန်နိုင်ကြောင်း ပြသနေသည်။

လက်နက်ပိတ်ဆို့မှုကိုလည်း အလားတူ မညှိနှိုင်းဘဲ လုပ်ဆောင်ပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းအချို့ကို အရေးယူရန် စိတ်အား ထက်သန်မှု မရှိခြင်းကိုလည်း တွေ့နေရသည်။

“မြန်မာနိုင်ငံ၏ အနာဂတ်သည် မရေရာသောကြောင့် စစ်တပ်အပေါ် ပြင်ပဖိအားနှင့် တော်လှန်ရေး အင်အားစုများအပေါ် ထောက်ခံမှုသည် လက်ရှိပဋိပက္ခတွင် အဆုံးအဖြတ်ပေးမည်ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။

“နိုင်ငံတကာ အသိုက်အဝန်းသည် စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် မြန်မာပြည်သူများကို ကူညီနိုင်သလို ကူညီလည်း ကူညီသင့်သည်။ ထိုသို့ ကူညီရန် ဆိုးရွားနေသော လူသားချင်းစာနာမှု အကျပ်အတည်းကို ကိုင်တွယ်ရန် အားထုတ်မှုကို အကြီးအကျယ် အရှိန်မြှင့်တင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်သည့် အရေးယူပိတ်ဆို့မှုများ၊ လက်နက် ပိတ်ဆို့မှုများဖြင့် တရားမဝင် စစ်ကောင်စီကို ဖိအားတိုးမြှင့်ပေးရေးနှင့် NUG အစိုးရကို မြန်မာနိုင်ငံ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းတို့ဖြင့် စတင်လုပ်ကိုင်ရမည် ဖြစ်သည်။

“NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ရန်ပုံငွေနှင့် အုပ်ချုပ်ရေးနှင့်ဖက်ဒရယ်စနစ် စွမ်းရည်တည်ဆောက်အတွက် လုပ်ဆောင်ရမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

ကိုးကား။ ။ Al Jazeera သတင်း China, Russia, India enabling Myanmar’s military rule: Report

You may also like these stories:

မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ

သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ

သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ

မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: APHRAseanMOGENUGစစ်ကောင်စီတရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံယူကရိန်းရုရှားလူ့အခွင့်အရေး ချိုးဖောက်မှုအရေးယူပိတ်ဆို့မှုအာဏာသိမ်းမှုအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် အင်းဝဘဏ် /  AFP

စစ်တပ်ဘဏ်နှင့် ဆက်ဆံသော ပြည်ပဘဏ်ကြီးများ စုံစမ်းခံနေရ

CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

စစ်ကောင်စီအောက် ဒုစရိုက်မှုတွေ ကြီးစိုးလာတဲ့ ရန်ကုန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved