လူ ၄ဦး လိုက်ပါလာတဲ့ Turbo Caribou အမျိုးအစား ကုန်တင်လေယာဉ်တစီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားက ပါပူဝါပြည်နယ်မှာ မနေ့က ပျောက်ဆုံးသွားတယ်လို့ AP သတင်းကဆိုပါတယ်။ အဆိုပါ အင်ဂျင် ၂လုံးတပ် Turbo Caribou လေယာဉ်ဟာ တီမီကာမြို့ကနေ ဝေးလံတဲ့ အီလဂါခရိုင်ကို ပျံ သန်းနေစဉ်မှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပြီး၊ ယခုအချိန်တိုင် အရေးပေါ်အချက်ပြဆက် သွယ်လာတာမျိုးလည်း မရခဲ့ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ ဟင်နီရီ ဘမ်ဘန်းက ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများပါဝင်ပြီး လေယာဉ်ပိုင်းလော့ ၂ဦးနဲ့ ခရီးသည် ၂ဦး လိုက်ပါလာပါတယ်။
အခုအခါမှာ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားပြီး၊ ဆိုးရွားတဲ့ ရာသီဥတုနဲ့ သစ်တောထူထပ်တာ ကြောင့် ရှာဖွေရေးမှာ နှောင်နှေးနေတယ်လို့ ဆိုပါတယ်။