ပင်လယ်နက်ဒေသမှာ ပျံသန်းနေသည့် ယူကရိန်းစစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ရုရှားရေငုပ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောမှ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
ဒါဟာ ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ သူပုန်တွေကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ်နေစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ယူကရိန်းလေယာဉ် ရဲ့ ကိုယ်ထည်ကို ထိမှန်ခဲ့ပြီး၊ လေယာဉ်ပေါ်မှာ ပါတဲ့ အမှုထမ်း များ ထိခိုက်ခြင်းမရှိလို့ဆိုပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး Stepan Poltorak ကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ လေ ယာဉ်အပစ်ခံရသည်မှာ မှန်ကန်ကြောင်းဆိုပါတယ်။
ပင်လယ်နက် အိုဒက်စကီကမ်းဦးရေတိမ်ပိုင်းဒေသမှာမူလကဤနေရာကို ယူကရိန်းက ပိုင်ပေမယ့် ယခုအခါ မှာ ရုရှားရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားလိုလားသူ သူပုန်များအကြား ၂၀၁၅ခုနှစ်က မင့်စ်သဘောတူညီချက် စာချုပ်ချုပ်ဆို ပြီးနောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲများပြန်ဖြစ်လာခဲ့ရာမှာ ကလေးငယ် ၂၅၀၀ အပါအဝင် လူပေါင်း ၁သောင်း၇ထောင်ခန့်ဟာ လျှပ်စစ်မီးနဲ့ ရေပြတ်လပ်လျှက်ရှိ တယ်လု့ိ သိရပါတယ်။