တရုတ်နိုင်ငံ မြောက်ပိုင်းမှ ရှန်ရှီးပြည်နယ် ရှီအန်းမြို့နှင့် မန္တလေးမြို့တို့ကို ညီအစ်မ မြို့တော် ဆက်ဆံရေး တည်ထောင်နိုင်ရေး LoI (Letter of Intent) ထိုးရန် စီစဉ်နေကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
“အဲဒါကတော့ နှစ်ဖက် မြို့တော်ဝန် အချင်းချင်း လက်မှတ်ထိုးမှာပါ။ သူတို့ (တရုတ်)ဘက်က ဒီလိုလုပ်ဖို့ အဆိုပြုထား တာကြာပြီ” ဟု ၎င်းက ဆိုသည်။
Letter of Intent (LoI) သည် တဖက်မှ အဆိုပြု တင်ပြလာသော လုပ်ငန်း ရည်ရွယ်ချက်အား ပဏာမ စဉ်းစားရန် သဘောတူညီသည့် စာချုပ်မျိုး ဖြစ်ကာ ယင်းစာချုပ်မူကြမ်းအား ပြီးခဲ့သည့် နှစ်လယ်ပိုင်းက စီးပွားရေး ကော်မတီသို့ တင်ပြထားပြီး အတည်ပြုပါက လက်မှတ်ရေးထိုးရန် စီစဉ်မည်ဟု သိရသည်။
ညီအစ်မမြို့တော် အဖြစ် LoI ရေးထိုးပြီးပါက ယင်းဒေသ နှစ်ခုကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှု ဖ လှယ်ရေး စသည့် လုပ်ငန်းတို့အား ဆက်လက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမည်ဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က ဆို ထားသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) မှ ဗဟို အလုပ် အမှုဆောင် ဦးဝင်း ဌေးက “အရင်ကလည်း ညီအစ်မမြို့တော်ဆိုပြီး MOU တွေ ထိုးနေကြတာပဲ။ ဒါပေမယ့် ရှေ့ဆက်ပြီး ဖြစ်ဖြစ် မြောက်ြမောက် လုပ်ငန်းတွေ လုပ်တာ သိပ်မတွေ့ရသေးဘူး။ အဓိကတော့ ဒီလို သဘောတူညီမှုတွေကနေ ကိုယ့် နိုင်ငံအ တွက် ဘာတွေ နှီးနှောဖလှယ်ခွင့်ရမလဲ ဆိုတာမျိုးတွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက် အလက် မျှဝေ မှုတွေ စတဲ့ ဆိုင်ရာ ရည်ရွယ်ချက်တွေ အတိုင်း အကောင်အထည် ဆက်ဖော်နိုင်ရင်တော့ အကျိုးရှိမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ၂၀၁၇ ခုနှစ် ဧပြီက ရှီအန်းမြို့သို့ သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့အဖွဲ့ ချစ်ကြည်ရေး ခရီး စဉ်အဖြစ် သွားရောက်ခဲ့သော ဒေသလည်း ဖြစ်ပြီး အဆိုပါ ခရီးစဉ်တွင် တရုတ်-မြန်မာကြား ဆက်ဆံရေး၊ ကုန်သွယ် ရေး၊၂၁ ရာစု ပိုးလမ်းမ စီမံကိန်း အပါအဝင် မြန်မာနှင့် ရှန်ရှီး ပြည်နယ်ကြား ညီအစ်မမြို့တော် ဆက်ဆံရေး ထူထောင် မည့် ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။
You may also like these stories:
ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ
လက်နက်ကိုင် နည်းလမ်းဖြင့် စိတ်ကူးမယဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် ယူနန်ပြည်နယ်နှင့် MOU ထိုးရန်စီစဉ်